ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း လုပ်ဆောင်ရမည့်အစီအစဉ်များ

ကဏ္ဍ Import/Export
ပုံ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း လုပ်ဆောင်ရမည့်အစီအစဉ်များ
အကျဉ်းချုပ် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း လုပ်ဆောင်ရမည့်အစီအစဉ်များအား စက်မှုဝန်ကြီးဌာန၏ စက်မှုပူးပေါင်း‌ဆောင်ရွက်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားပါသည်။
အကြောင်းအရာ

က်မှုဝန်ကြီးဌာန
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း လုပ်ဆောင်ရမည့်အစီအစဉ်များ

အဆင့် (၁)
    ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်ရရှိသူသည် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများဆိုင်ရာလုပ်ငန်းတွင် အသုံးပြုမည့်ဓာတုပစ္စည်းနှင့် ဆက်စပ် ပစ္စည်းများကို မှတ်ပုံတင်လက်မှတ် လျှောက်ထားရန်လိုအပ်ပါသည်။
    မှတ်ပုံတင်လက်မှတ်လျှောက်ထားသူသည် စက်မှုဝန်ကြီးဌာနရှိ ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ မှတ်ပုံတင်လျှောက်လွှာ ပုံစံ(၇) နှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းများဖြင့် ပူးတွဲတင်ပြရမည်-
    (က)    ကုမ္ပဏီ Letter Head ဖြင့် Managing Director သို့မဟုတ် Board of Director အဖွဲ့ဝင်တစ်ဦးဦးမှ လက်မှတ်ရေးထိုးထားသည့် လျှောက်လွှာ(မှတ်ပုံတင်/ Passport  မိတ္တူပူးတွဲ )
    ( ခ)     လုပ်ငန်းလိုင်စင်မူရင်းနှင့် မိတ္တူ
    ( ဂ)     အသုံးပြုရန် အဆိုပြုတင်ပြသည့် ကုန်အမှတ်တံဆိပ်(အညွှန်းစာ) (၁) စုံ (မြန်မာဘာသာပြန်ဆိုချက်ဖြင့်)
    (ဃ)    ပညာရပ်ဆိုင်ရာအရည်အချင်းနှင့် အတွေ့အကြုံများအတွက် ထောက်ခံချက်မိတ္တူများ
    ( င)    စက်ရုံ၊ မှတ်ပုံတင်ရရှိပြီးကြောင်း အထောက်အထားအတွက် မူရင်းနှင့်မိတ္တူ
    ( စ)    အန္တရာယ်ကင်းရှင်းမှုအဆင့် မှတ်တမ်းလွှာ (MSDS/SDS)
    ( ဇ)    Certificate of Analysis (COA)
အဆင့်(၂)
    ဗဟိုကြီးကြပ်ရေးအဖွဲ့သည် နည်းဥပဒေ ၂၅ အရ လျှောက်ထားသည့်ကိစ္စနှင့်စပ်လျဉ်း၍ လျှောက်လွှာပုံစံ(၇) အား ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်း ရှိ/မရှိနှင့် ပူးတွဲတင် ပြမည့်စာရွက်စာတမ်းများပြည့်စုံခြင်း ရှိ/မရှိ စိစစ်ရမည်။ တင်ပြချက်တွင် သတ်မှတ်ချက်များနှင့်မညီညွတ်ခြင်း သို့မဟုတ် အခြားအချက်အလက်များလိုအပ်ပါကလျှောက် ထားသူအားအကြောင်းကြားဆောင်ရွက်မည်ဖြစ်ပါသည်။ အချက်အလက်များပြည့်စုံပါက လျှောက်ထားသူအား မှတ်ပုံတင်ခပေးသွင်းရန် အကြောင်းကြားမည်ဖြစ်ပါသည်။

အဆင့်(၃)
    လျှောက်ထားသူသည် နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်ရှိ စက်မှုပူးပေါင်းဆောင်ရွက် ရေးဦးစီးဌာန၏ ငွေစာရင်းအမှတ် (MD-012564) သို့ မှတ်ပုံတင်ခပေးသွင်းရ ပါမည်။

မှတ်ပုံတင်ခ

စဉ်

ဓာတုပစ္စည်းအရေအတွက်

နှုန်း(ကျပ်)

သက်တမ်း

(က)

၁ မျိုးမှ ၁၀ မျိုးထိ

၅၀,၀၀၀

၂ နှစ်

( ခ)

၁၁ မျိုးမှ ၂၀ မျိုးထိ

၁၀၀,၀၀၀

၂ နှစ်

( ဂ)

၂၁ မျိုးနှင့်အထက်

၁၅၀,၀၀၀

၂ နှစ်

အဆင့်(၃-က)(မှတ်ပုံတင်လက်မှတ်သက်တမ်းတိုးခြင်း)
    မှတ်ပုံတင်လက်မှတ်ရရှိသူသည် မှတ်ပုံတင်လက်မှတ် သက်တမ်းမကုန်ဆုံးမီရက်ပေါင်း ၃၀ ကြိုတင်၍ သတ်မှတ်ချက်များနှင့်အညီ ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ လျှောက် ထားရမည်ဖြစ်ပြီး ဥက္ကဋ္ဌ၏ခွင့်ပြုချက်ရရှိပါက လျှောက်ထားသူသည် နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်ရှိ စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာန၏ ငွေစာရင်းအမှတ် (MD-012564) သို့ မှတ်ပုံတင်သက်တမ်းတိုးမြှင့်ခပေးသွင်းရပါမည်။

မှတ်ပုံတင်သက်တမ်းတိုးမြှင့်ခ

စဉ်

ဓာတုပစ္စည်းအရေအတွက်

နှုန်း(ကျပ်)

သက်တမ်း

(က)

၁ မျိုးမှ ၁၀ မျိုးထိ

၃၀,၀၀၀

၂ နှစ်

( ခ)

၁၁ မျိုးမှ ၂၀ မျိုးထိ

၆၀,၀၀၀

၂ နှစ်

( ဂ)

၂၁ မျိုးနှင့်အထက်

၉၀,၀၀၀

၂ နှစ်

အဆင့်(၄)
    လျှောက်ထားသူကိုယ်တိုင် မှတ်ပုံတင်လက်မှတ် သို့မဟုတ် သက်တမ်းတိုးကတ် လာရောက်ထုတ်ယူပါက မှတ်ပုံတင်/ Passport မူရင်း၊ မိတ္တူတစ်စုံနှင့်သော်လည်း ကောင်း၊ ကိုယ်စားလှယ်ဖြစ်ပါက ကိုယ်စားလှယ်လွှဲစာနှင့်အတူ မှတ်ပုံတင်မူရင်း၊ မိတ္တူတစ်စုံနှင့်အတူ ယူဆောင်လာရပါမည်။

 

ပုံစံများ

The following form/s are used in this procedure.

ခေါင်းစဉ် အကြောင်းအရာ ကဏ္ဍ အဖွဲ့အစည်း