ပို့ကုန်ကျန်းမာရေးထောက်ခံချက်

ကဏ္ဍ Export
ပုံ ပို့ကုန်ကျန်းမာရေးထောက်ခံချက်
အကျဉ်းချုပ် ပို့ကုန်ကျန်းမာရေးထောက်ခံချက် ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအောက်ရှိ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန (FDA) တွင် လျှောက်ထားခြင်း
အကြောင်းအရာ

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

တင်ပို့သည့်အစားအသောက်အတွက် ပို့ကုန်ကျန်းမာရေးထောက်ခံချက်လျှောက်ထားခြင်း

အဆင့်(၁)

တင်သွင်းခွင့်လျှောက်ထားသူသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအောက်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ လျှောက်လွှာကိုရယူဖြည့်စွက်၍ လိုအပ်သည့်အခြားစာရွက်စာတမ်းများနှင့်အတူ လျှောက်ထားရပါမည်။ ပူးတွဲတင်ပြရမည့်အခြားစာရွက်စာတမ်းများတွင် ကုန်ဝယ်နိုင်ငံမှ စားသောက်ကုန်ပစ္စည်း နှင့်ပတ်သက်၍ ထူးခြားတောင်းခံချက်၊ သင်္ဘော/လေယာဉ်/မော်တော်ယာဉ်ဖြင့် တင်သွင်းသောအထောက်အထားများ၊ အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပေးသောပို့ကုန်ကြေငြာလွှာ၊ ကုန်ပစ္စည်းတင်ဆောင်မှုမှတ်တမ်း၊ ကုမ္ပဏီမှတ်ပုံတင်နှင့် ထုပ်ပိုးထားသည့် မူရင်းပစ္စည်းနမူနာ (သို့) တင်ပြမည့် ထုပ်ပိုးပစ္စည်းပမာဏ အရွယ်အစားကြီးမားပါက ယင်းပစ္စည်း၏ ဓါတ်ပုံ (သို့) အမှတ်တံဆိပ်အားတင်ပြရမည်။ နမူနာပစ္စည်းပမာဏမှာ ၁၅၀၀ ဂရမ်ဖြစ်သည်။

 

အဆင့်(၂)

တင်ပြထားသော စာရွက်စာတမ်းနှင့် နမူနာပစ္စည်းများကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အချက်အလက် ပြည့်စုံမှန်ကန်မှုစစ်ဆေးခြင်းနှင့် ဓါတ်ခွဲစမ်းသပ်မှုကိုစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်သည်။ အချက် အလက်ပြည့်စုံ မှန်ကန်မှုမရှိသော လျှောက်လွှာအားလည်းကောင်း၊ ဓါတ်ခွဲစမ်းသပ်မှုရလာဒ် မအောင်မြင်သော လျှောက်လွှာတို့အတွက် FDA မှ ငြင်းပယ်စာများ ပေးပို့အကြောင်းကြားသွားမည်ဖြစ်သည်။

 

အဆင့်(၃)

ပြည့်စုံမှန်ကန်သောလျှောက်လွှာနှင့် ဓါတ်ခွဲစမ်းသပ်မှုရလာဒ်အောင်မြင်သော လျှောက်လွှာရှင်များကို FDA မှ တင်ပို့သည့်အစားအသောက်အတွက် ပို့ကုန်ကျန်းမာရေးထောက်ခံချက်ကိုထုတ်ပေးမည်ဖြစ်သည်။ တင်ပို့သူသည် FDA ရုံးတွင် ပို့ကုန်ကျန်းမာရေးထောက်ခံချက်ကို သွားရောက်ထုတ်ယူနိုင်ပြီး လုပ်ငန်းစဉ်အဆင့်ပြီးဆုံးမည်ဖြစ်သည်။

 

မှတ်ချက်။ ။ စာရွက်စာတမ်းနှင့်နမူနာပစ္စည်းလက်ခံသောဌာနတွင် အချိန် ၁ ရက်ခန့်ကြာမြှင့်ပါမည်။ ညွှန်ကြားရေးမှုးချုပ်ထံမှ အတည်ပြုချက်ရယူရန်အချိန် ၁ ရက်မှ ၂ ရက်အထိကြာမြှင့်နိုင်ပါသည်။ နမူပစ္စည်း ဓါတ်ခွဲ စမ်းသပ်စစ်ဆေးမှုသည် အချိန် ၁ရက်မှ ၂၅ ရက်အထိကြာမြှင့်နိုင်ပါသည်။ လျှောက်ထားမှုလုပ်ငန်းစဉ် တစ်ခုလုံးအတွက် အချိန် (၁၄) ရက်မှ (၃၁) ရက်ခန့် ကြာမြင့်နိုင်သည်။

 

ပုံစံများ

The following form/s are used in this procedure.

ခေါင်းစဉ် အကြောင်းအရာ ကဏ္ဍ အဖွဲ့အစည်း