သီလဝါအစုရှယ်ယာဈေးနှင့် FMI အစုရှယ်ယာဈေးများ ကျဆင်း

ရန်ကုန်စတော့အိတ်ချိန်းတွင်ရောင်းချလျက်ရှိသည့် သီလဝါအစုရှယ် ယာဈေးများနှင့် FMI အစုရှယ်ယာများ၏ ဈေးနှုန်းများသည် ယခုတစ် ပတ်တွင် အနည်းငယ်စီကျဆင်းခဲ့ကြောင်း YSX မှ သိရသည်။ မေ ၂၀ ရက် စတင်ရောင်းချခဲ့သည့် သီလဝါ အစုရှယ်ယာများသည် စတင်ဈေး ဖွင့်ချိန်ကအဝယ်များခဲ့ကာ ဈေးမြင့်တက် ခဲ့သော်လည်း ယခုတစ်ပတ် တွင်မူ ဈေးပြန်လည်ကျဆင်းခဲ့သည်။
ပြီးခဲ့သည့်ရက်သတ္တပတ်ကဈေး မြင့်တက်ခဲ့ပြီး အဝယ်သာရှိ အရောင်း မရှိသည့် သီလဝါ အစုရှယ်ယာ များသည် ယခုတစ်ပတ်တွင် ကျပ် ၇၀ဝ၀ဝ အထိ မြင့်တက်ခဲ့ပြီးမှ ကျပ် ၆၀ဝ၀ဝ သို့ပြန်လည်ကျဆင်းခဲ့ သည်။ ထို့အတူ FMI အစုရှယ်ယာများသည်လည်း ယခုတစ်ပတ်အ တွင်း ကျပ်လေးထောင်ခန့် ကျဆင်းခဲ့ကြောင်း သိရသည်။ ဗဟိုဘဏ် မှ လယ်သမားအတွက် ထုတ်ချေးငွေကို အသစ်ရိုက်နှိပ်မည်ဖြစ်သဖြင့် စတော့ရှယ်ယာဝယ်လိုသူများ သည် ဒေါ်လာဘက်သို့လှည့်သွားကြ ရာ ဈေးကွက်အတွင်း အဝယ်မရှိ သလောက်ဖြစ်သွားသဖြင့် ဈေးပြန်လည် ကျဆင်း ရခြင်းဖြစ်သည်ဟုဆိုသည်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General