ကြက်သွန်နီ အမြင့်ဈေးနဲ့ အရောင်းအဝယ်သွက်

ပခုက္ကူကုန်စည်ဒိုင်တွင် မေလအတွင်း ဆောင်းစိုက် (ပင်စိုက်) ကြက် သွန်နီများ အရောင်းအဝယ် တော်တော်လေး သွက်ခဲ့ပါတယ်။ ပခုက္ကူ ခရိုင်အတွင်းရှိ ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်ရာဒေသတွေဖြစ်တဲ့ ပေါက်၊ ဆိပ်ဖြူမြို့ နယ်တို့တွင် ဆောင်းစိုက်(ပင်စိုက်) ကြက်သွန်နီများ မတ်လ ဆန်းမှ စတင်၍ ဈေး ကွက်အတွင်းဝင်ရောက်လာရာ လက်ကားဈေးနှုန်း တစ်ပိဿာလျှင် ထိပ်စကျပ် ၅၀ဝ၊ လတ်စကျပ် ၄၅၀၊ အနိမ့်ကျပ် ၃၇၀ ဈေးနှုန်းများဖြင့် တစ်နေ့ လျှင် ပိဿာချိန် ၁၀ဝ၀ဝ မှ ၁၅၀ဝ၀ ကြား ဝင် ရောက်ခဲ့ပါတယ်။ ဆောင်းစိုက်(ပင် စိုက်) ကြက်သွန်နီ ကနဦးအဖွင့်ဈေး မှာ ကြက်သွန်နီစိုက် တောင်သူများအေနဖြင့် တစ်ပိဿာ ကုန်ကျစရိတ် ၂၇၅ ကျပ်၊ ကျပ် ၃၀ဝ ၊၃၂၅ ကျပ်၊ကျပ် ၃၅၀ တို့နဲ့နှိုင်းယှဉ်ပါက အကျိုး အမြတ်ဖြစ်ထွန်းမှုရှိခဲ့သော်လည်း မတ်ဒုတိယပတ်မှစ၍ ဆောင်းစိုက်(ပင် စိုက်)ကြက်သွန်နီများမှာ တဖြည်းဖြည်း ဈေးကျဆင်းလာခဲ့ရာ ပင်ရင်း လက်ကား တစ်ပိဿာ ထိပ်စ ကျပ် ၃၅၀၊အလတ်စ ကျပ်၂၅၀ နှင့် အနိမ့် ကျပ် ၂၀ဝ ဈေးဖြင့် ဧပြီပထမ ပတ်အထိ ဈေးဆက်လက်ကျ ဆင်းခဲ့ပြီး ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူများမှာ အရှုံးဘက် သို့ပါနေ၍ ဆောင်းစိုက်(ပင်စိုက်)ကြက်သွန်နီများ လှိုင်လှိုင်ပေါ်ထွက်ရာ ဧပြီတွင်ပင် လျှင် တစ်နေ့လျှင် ပိဿာ ချိန် ၁၀ဝ၀ဝ မှ ၁၅၀ဝ၀ ခန့်သာ အရောင်းအ ဝယ ြဖစ်ခဲ့ပါတယ်။
သင်္ကြန်အပြီး ဧပြီ တတိယပတ်တွင် ကြက်သွန်နီ ဈေးနှုန်းမှာ ပြန်လည် မြင့်တက်ခဲ့ပြီး ကနဦးဈေးဖြစ်သည့် ထိပ်စ တစ်ပိဿာကို ကျပ်၅၀ဝသို့ ပြန်လည်ရောက်ရှိပါတယ်။ အရောင်းအဝယ်အားဖြင့်တစ်နေ့လျှင် ပိဿာ ချိန် ၄၀ဝ၀ဝ မှ ၅၀ဝ၀ဝ ရှိခဲ့ပါတယ်။ မေလအတွင်း ကြက်သွန်နီဈေးနှုန်း မှာ ဆက်လက် ြ မင့်တက်လာရာ ပင်ရင်းလက်ကားဈေးနှုန်းမှာ တစ်ပိ ဿာ လျှင် ထိပ်စ ၅၅၅ ကျပ်မှ ကျပ် ၅၈၀၊ လတ်စကျပ် ၄၅၀ မှ ကျပ် ၅၀ဝ ၊ အနိမ့် ကျပ် ၃၅၀ မှ ကျပ် ၄၀ဝဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး နေ့စဉ် ပိဿာချိန် ၈၀ဝ၀ဝ မှ ၁၀ဝ၀ဝ၀ အထိ ဈေးအမြင့်နဲ့ အရောင်းအ ဝယ်သွက်ခဲ့ပြီး ကြက်သွန်နီစိုက် တောင်သူများနဲ့ ကြက်သွန်နီ သိုလှောင် သော ကုန်သည် များအနေဖြင့် ထိုက်သင့်သောအကျိုးအမြတ် ရရှိနေ ကြောင်း သတင်းများရရှိပါတယ်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General