ချင်းပိဿာချိန်ပေါင်းတစ်သိန်းခွဲခန့် အရောင်းအဝယ်ဖြစ်

ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ အဓိကထွက်ကုန်ဖြစ်တဲ့ ချင်းကပြည်ပဝယ် လက် မရှိခဲ့တာ နှစ်နှစ်၊သုံးနှစ်ရှိခဲ့ပါပြီ။ ပြည်တွင်းသုံးဝယ်လက်တွေသာ ရှိတာကြောင့် ဖြုန်းအားကလည်း သိပ်မကောင်းပါဘူး။ ယခင်ပြည်ပဝယ် လက်တွေရှိစဉ်ကတော့ တစ်ပတ်ကို ပိဿာချိန်လေးသိန်း၊ ငါးသိန်းအထိ အရောင်းအဝယ်ဖြစ်ခဲ့ပေမယ့် အခု နောက်ပိုင်းနှစ်တွေမှာတော့ တစ်ပတ် ကို ပိဿာချိန် အများဆုံးမှတစ်သိန်း၊ တစ်သိန်း ခွဲခန့်သာရှိပါတော့တယ်။ အိမ်နီးချင်းနိုင်ငံတွေက မြန်မာ့ချင်းတွေကိုမျိုးအဖြစ် ဝယ်ယူပြီးကတည်း က ရှမ်းချင်းလည်း ပြည်ပဝယ်လက် ဝယ်ယူမှုနည်းသွားပါတယ်။ ဒီဘက် နှစ်တွေမှာ ဝယ်ယူမှုမရှိသလောက်ဖြစ်သွားတယ်လို့လည်း ဒေသခံတွေ ထံမှ သိရှိရပါတယ်။ ဒီတစ်ပတ်တော့ အောင်ပန်းဈေးကွက်မှာ ချင်းအဝင် နည်းနေပါတယ်။
မိုးကလည်းရွာလာပြီဆိုတော့ စိုက်ဖို့ပြင်ဆင်ထားတဲ့တောင် သူတွေက လည်း စိုက်နေကြပြီဖြစ်လို့ ဈေးကွက်မှာအဝင်နည်းလာတာလို့လည်း သိ ရပါတယ်။ ဓားလှီး ချင်းတွေအတွက် တပ်ကုန်းကအဝယ်ရှိနေသလို၊ လှောင်ဖို့အတွက်ရန်ကုန်၊ စစ်တွေ၊ ပြည်ကဝယ်ယူနေလို့ တစ်ပတ်အတွ င်း ချင်းပိဿာချိန်ပေါင်း တစ်သိန်းခွဲခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဒီတစ်ပတ်ချင်း(စို) တစ် ပိဿော ပါကေ် ဈးက အနိမ့် ဆုံး ကျပ် ၅၀ဝ မှ အမြင့်ဆုံး ကျပ် ၆၀ဝ ရှိပြီး၊ ချင်းခြောက်ကတော့ တစ်ပိဿာ ကျပ် ၁၆၀ဝ ဈေးရှိပါတယ်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General