မန္တလေးမြို့တွင် ဆက်သွယ်ရေးဝန်ဆောင်မှုသီးသန့်အလုပ် အကိုင် ပြပွဲကြီး ကျင်းပမည်

မန္တလေးမြို့အတွက်ဆက်သွယ်ရေး ဝန်ဆောင်မှုဆိုင်ရာ သီးသန့်အလုပ် အကိုင်ပြပွဲကြီးကို လာမည့်မေ၂၈ ရက်တွင် ကျင်းပသွားမည် ဖြစ် ကြောင်း ယင်းအလုပ်အကိုင်ပြပွဲကို ဦး ဆောင်ကျင်းပမည့် work. com.mm ၏ သတင်းထုတ်ပြန် ချက်များအရသိရသည်။အဆိုပါ အလုပ် အကိုင်ပြပွဲကြီးကို work.com.mm  နှင့်မြန်မာနိုင်ငံ၏ အကြီးဆုံး ဆက် သွယ်ရေးကွန်ရက်ကုမ္ပဏီ ကြီးတစ်ခုဖြစ်သည့်  Ooredoo တို့ ပူးပေါင်း ကျင်းပ ခြင်းဖြစ်ပြီး Ooredoo Contact Center Mandalay Recruitment Dayဟုအမည်ပေးထား ကြောင်း သိရသည်။ယင်းအလုပ် အကိုင်ပြပွဲကြီးကို လာမည့်မေ၂၈ရက်တွင် မန္တလေးSwan Hotel ၌  နံနက် ၉နာရီ မှ ညနေ ၅နာရီအထိ ကျင်းပသွားမည်ဖြစ်သည်။   မန္တလေးမြို့တွင်  ယခုလအစော ပိုင်းက အလုပ်အကိုင်ပြပွဲကြီး တစ်ခု  ကျင်းပခဲ့ရာ အလုပ် လျှောက်ထားရန် လာရောက်သူ  ၁၅၃၁ ယောက် နှင့် အခြား စုစုပေါင်း ၂၀ဝ၀ ဝန်းကျင်ခန့် တက် ရောက်ခဲ့ကြပြီး အထူး သဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း၊ အင်ဂျင်နီယာ နှင့် ပြည်ပ အခြေစိုက်ကုမ္ပဏီကြီးများတွင်  အလုပ်လျှောက် ထားရန် စိတ်ဝင်စားမှု များပြားခဲ့ကြောင်း သိရသည်။
မန္တလေးမြို့တွင် အလုပ်အကိုင် လိုအပ်ချက်များပြား သော်လည်း ယင်းကဲ့ သို့ အလုပ်အကိုင်ပြပွဲကြီးများပြုလုပ်မှု နည်းပါးသည့်အတွက် ယခုကဲ့သို့ ဆက်သွယ်ရေးဝန်ဆောင် မှုဆိုင်ရာ  သီးသန့်အလုပ်အကိုင်ပြပွဲကြီး တစ်ခုကို  ပြုလုပ် ကျင်းပပေးရခြင်းဖြစ်ကြောင်းလည်း  အလုပ်အကိုင် ရှာဖွေရေး ဝက်ဘ် ဆိုဒ် work.com.mm  မှ သတင်း ထုတ်ပြန်ထား သည်။ယင်းပြပွဲတွင်  မြန်မာနိုင်ငံ ၏ အကြီးမားဆုံး ဆက်သွယ် ရေး ကုမ္ပဏီများထဲမှ  တစ်ခုဖြစ်သော Ooredooကုမ္ပဏီကြီး ၏    Contact Center တွင် တာဝန်ထမ်းဆောင်ရန် Customer Champion ။  Team Leader  နှင့်Manager  ရာထူးများကို ခေါ်ယူသွား မည်ဖြစ်ပြီး ယင်း ရာထူးများအတွက် လူအယောက် ၁၀ဝ ဝန်းကျင်ကို ပြပွဲ၌ အင်တာဗျူး ၍  တိုက် ရိုက်  အလုပ်ခန့်အပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဘွဲ့ရကာစသူများသာမက   အတွေ့ အကြုံရှိသူများ၊ ကျား/မ မရွေး ဝန်ဆောင် မှု လုပ်ငန်းများတွင် လုပ်ကိုင်ဖူးသူနှင့် အလုပ် ချိန်အတိုင်း   အလှည့်ကျ  တာဝန်ထမ်းဆောင်နိုင်သူများကို ဦးစားပေး ခန့်အပ်သွား မည်ဟုလည်း သိရသည်။အဆိုပါအလုပ်အကိုင် ပြပွဲကြီးသို့ လာရောက် ရန် အတွက် work.com.mm၏  ဝက်ဘ်ဆိုဒ်နှင့် င်္ခေနဘသသု တို့တွင် ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်မည့်အပြင် ပြပွဲ ကျင်းပ သောနေ့၌ လည်း မိမိတို့၏ အလုပ်လျှောက်လွှာများကို ယူ ဆောင်လာခဲ့ရန်လည်း  လိုအပ်ကြောင်း  သိရသည်။ အသေး စိတ်ကို ဝ၉-၂၆၁၆၀၁၀၉၅ သို့ ဆက်သွယ် မေးမြန်းနိုင် ကြောင်း   work.com.mm  ာ  မှ သတင်းပြန်ကြားရေးနှင့်ပြည့် သူဆက်ဆံရေး မန်နေဂျာ  မဇင်မာ သက်မွန် က ပြောကြား ခဲ့သည်။

မယ်သီတာ

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General