ပြည်တွင်းအွန်လိုင်းစီးပွားရေးအခြေပြု လုပ်ငန်းများ ယခင်နှစ်များကထက် ပိုမိုမြင့်တက်လာ

နည်းပညာများတိုး  တက်လာ သည်နှင့်အမျှ အွန်လိုင်းရှော့ပင်းများ၊ အွန်လိုင်း စတိုးများနှင့် အွန်လိုင်းဝန် ဆောင်မှုလုပ်ငန်းများ စသည့် အွန်လိုင်း အခြေပြုလုပ်ငန်းများသည်    ယခင်နှစ် များကထက်  ပိုမိုမြင့် တက်လာပြီဖြစ် ကြောင်းသိရသည်။အချို့သောစီးပွားရေး လုပ်ငန်း ရှင် များသည် ၎င်းင်းတို့၏ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို  လူမှုကွန် ရက်ဝက်ဘ်ဆိုက်များဖြစ်သည့် ဖေ့စ် ဘုတ်စာမျက်နှာများတွင် အရောင်းမြှင့် တင်ရေးလုပ်ငန်းများကို ပြုလုပ်လာကြ သကဲ့သို့ ၎င်းတို့၏ ဘလော့ဂ်စာမျက်နှာ များတွင်လည်း  စီးပွားရေးကြော်ငြာလုပ် ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။အွန်လိုင်းအခြေပြုစီးပွားရေး လုပ် ငန်းများသည် ရန်ကုန်မြို့တွင်သာမက မန္တလေး၊ နေပြည်တော်စသည့်မြို့ များ အပါအဝင်  နယ်မြို့များအထိပါ လူသိ များလာခဲ့သည်။
မြန်မာနိုင်ငံအတွင်း  အွန်လိုင်း အခြေပြုစီးပွားရေးလုပ်ငန်းများအနက် Shop.com.mm  ဝက်ဘ်ဆိုက်အတွင်း သို့  ဝင်ရောက်ကြည့်ရှု သူဦးရေမှာ တစ် လလျှင်  သုံးသိန်းကျော်အထိ ရှိနေပြီး မြန်မာနိုင်ငံ တွင်  ဝင်ရောက်ကြည့်ရှုသူ အများဆုံးသောအွန်လိုင်းရှော့ပင်းတစ် ခုဖြစ်ကြောင်း Shop.com.mm  ၏ သတင်းထုတ်ပြန်ချက်များအရ သိရ သည်။Shop.com.mm  တွင် ပစ္စည်း ဝယ်ယူသူများသည် ပစ္စည်းလက်ခံ ရ ရှိ မှသာငွေပေးချေရမည်ဖြစ်ပြီး အဆင် မပြေပါက ခုနစ်ရက် အတွင်း ပြန် လည် လဲလှယ်နိုင်ကြောင်း သိရသည်။ထို့ပြင် အဆိုပါဝက်ဘ်ဆိုက် တွင် မိမိ၏ကိုယ်ပိုင်အီးမေးလ်လိပ်စာဖြင့် မှတ်ပုံတင်ခြင်းကို ပြုလုပ်ပါက မည်သူ မဆို  ကျပ်လေးသောင်းနှင့် အထက် ဝယ်ယူသူတိုင်းအတွက် ကျပ်တစ်သောင်း တန် ကူပွန်ကတ်  မေတ္တာလက်ဆောင် ပေးအပ် ချီးမြှင့်ပေးသည့် အစီအစဉ်ကို ပြုလုပ်ပေးလျက်ရှိကြောင်း  သိရသည်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General