စမုံနက်နှမ်း ပြည်ပအဝယ်လိုက်၍ ဈေးမြင့်

ယခုတစ်ပတ် ပြည်ဈေးကွက်တွင် နှမ်းနီနဲ့နှမ်းနက် ဈေးငြိမ်နေသော် လည်း စမုံနက်နှမ်းဈေးမြင့်တက်လာတာ တွေ့ရပါတယ်။ ပြည်ပဝယ်လက် များရှိလာခြင်း၊ ဈေးကွက် တွင် လက်ကျန်နည်းလာ ခြင်းတို့ကြောင့် ဈေး မြင့် လာတာ တွေ့ရပါတယ်။ ယခင်နှစ်ယခုလို အချိန်တွင် စမုံနက်နှမ်းမှာ ပြည်ပဝယ် လက်သိပ်မရှိသလို ယခုနှစ်လောက် ဈေးသိပ် မမြင့်ခဲ့ပေမယ့် အရောင်းအဝယ် ပုံမှန်ဖြစ်ခဲ့တာတွေ့ ရပါ တယ်။ နှမ်းဈေးမှာ စမုံနက်နှမ်း တစ်တင်းလျှင် ၆၂၀ဝ၀ ကျပ်၊ နှမ်းနီတစ်တင်းလျှင် ၂၃၀ဝ၀ ကျပ်နဲ့ နှမ်းနက် တစ်တင်းလျှင် ၃၃၀ဝ၀ ကျပ်နဲ့ ဈေးဖြစ်နေတာတွေ့ ရပါတယ်။ ယခုနှစ်တွင် စမုံနက်နှမ်းဈေးမှာ တစ်တင်းလျှင် ၆၀ဝ၀ ကျပ်၊ နှမ်းနီ တစ် တင်းလျှင် ၂၈၀ဝ၀ ကျပ်နှင့် နှမ်းနက်တစ်တင်းလျှင် ၃၂၀ဝ၀ ကျပ်နဲ့ ဈေးဖြစ်ခဲ့တာတွေ့ရပါတယ်။

ဝေဝေမင်း

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General