၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် သစ်သီးဝလံတင်ပို့မှုမှ ကန်ဒေါ်လာသန်း ၁၃၀ ကျော် ဆောင်ရွက်နိုင်

ပြည်ပသို့ ပင်လယ်ရေကြောင်း ကုန်သွယ်မှု၊နယ်စပ်ဖြတ်ကျော်ပုံ မှန်ကုန်သွယ်မှု၊နယ်စပ်ကုန်သွယ်မှုများနဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် သစ်သီးဝလံတင်ပို့မှုမှာ ကန်ဒေါ်လာ ၁၃၈ ဒသမ ၇၃၂ တန်ဖိုးရှိ သစ်သီး ဝလံ တန်ချိန် ၈ ဒသမ ၂၆၆ သိန်းတင်ပို့နိုင်ခဲ့ပါတယ်။သစ်သီးဝလံအလိုက် ပင်လယ်ရေကြောင်းနဲ့ ကုန်သွယ်ရေးစခန်းများမှ တင်ပို့မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၆၃ ဒသမ ၂၀၄ တန်ဖိုးရှိ ဖရဲသီး ၅ ဒသမ ၉၁၈ တန်၊ အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၆၆၁ တန်ဖိုးရှိ သခွားမွှေး ၁ ဒသမ ဝ၁၃ တန်၊ အမေရိကန်ဒေါ်လာ ၉ ဒသမ ၆၂၃ တန်ဖိုးရှိ သရက်သီး သုည ဒသမ ၂၈၃ တန်၊ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၄၉၄ တန်ဖိုးရှိ သီဟိုဋ်စေ့ ၂၄ တန်၊ အမေရိကန်ဒေါ်လာ တန်ဖိုးရှိ အခြားသစ်သီးဝလံ ၁ ဒသမ ဝ၂၇ တန်တို့ကို တင်ပို့နိုင်ခဲ့ပါတယ်။ ဖရဲသီးနဲ့သခွားမွှေးများကို ကုန်သွယ်ရေးစခန်းမှသာ အဓိကတင်ပို့တာဖြစ်ပြီး သရက်သီးနဲ့ သီဟိုဠ် စေ့ကိုမူ ပင်လယ်ရေကြောင်းရော ကုန်သွယ်ရေးစခန်းများက တင်ပို့တာ ဖြစ်ပါတယ်။  

MIRT

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General