ရုံးလုပ်ငန်း အထောက်အကူပြု AI လက်တွေ့အသုံးချမှုသင်တန်း (သတင်းအပြည့်အစုံ)

၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တွင် ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို အထောက်အကူဖြစ်စေရန်နှင့် AI နည်းပညာ ကို အသုံးပြု၍ ရုံးလုပ်ငန်းများ ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ “ရုံးလုပ်ငန်း အထောက်အကူပြု AI လက်တွေ့အသုံးချမှု သင်တန်း” ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ မှ အောက်တိုဘာလ ၁ ရက်နေ့ အထိ ဖွင့်လှစ် ပို့ချလျက်ရှိပါပြီး သင်တန်းအား မြန်မာနိုင်ငံကွန်ပျူတာအသင်း (မန္တလေး) ဇုန် ဥက္ကဌ ဦးနေဝင်းအောင် က စာတွေ့၊ လက်တွေ့ သင်ကြားပို့ချမည် ဖြစ်ပါသည်။

၂။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရှိ ဒုတိယညွှန်ကြားရေးမှုးချုပ် နှင့်အထက် အဆင့်မြင့်အရာရှိကြီးများ အနေဖြင့် AI နည်းပညာအသုံးပြုမှုနှင့် ပတ်သက်၍ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့ထိ နံနက် (၀၈:၀၀) နာရီ မှ (၀၉:၃၀) နာရီ ထိ နှင့် ညနေ (၁၆:၃၀) နာရီ မှ (၁၈:၀၀) နာရီ ထိ ရုံးအမှတ် (၃) ၊ ခန်းမသစ်၌ နည်းပြ ဆရာများ နှင့် ဆွေးနွေး ဖလှယ်သွားမည်ဖြစ်ပါသည်။

၃။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရှိ လက်ထောက်အတွင်းဝန်များ ၊ ညွှန်ကြားရေးမှူးများ စုစုပေါင်း (၂၅) ဦး နှင့် ဆင့်ပွားနည်းပြ အရာထမ်း (၄) ဦး တို့တက်ရောက်သည့် “ရုံးလုပ်ငန်း အထောက်အကူပြု AI လက်တွေ့အသုံးချမှု သင်တန်း” ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့ထိ နံနက် (၁၀:၀၀) နာရီ မှ မွန်းလွဲ (၁၂:၃၀) နာရီ ထိ ရုံးအမှတ် (၃) ရှိ Multimedia ခန်းမ၌ သင်ကြားပို့ချမည် ဖြစ်ပါသည်။

အဖွဲ့အစည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ကဏ္ဍ General