အိန္ဒိယ - မြန်မာကုန်သည်များအသင်းမှ အသင်းဝင်များနှင့် တွေ့ဆုံဆွေးနွေးသည့် အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး အမှာစကားပြောကြား

           ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန် တွင် ရန်ကုန်မြို့၊ ကုန်သည်လမ်းနှင့် ရွှေဘုံသာလမ်းထောင့်ရှိ India Centre ၌ ကျင်းပ ပြုလုပ်ခဲ့သည့် အိန္ဒိယ - မြန်မာ ကုန်သည်များအသင်းမှ အသင်းဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်ခဲ့ပါသည်။ အစည်းအ‌ဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ပါသည်။

          ထို့နောက် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးကိစ္စများ၊ အိန္ဒိယနိုင်ငံဈေးကွက်သို့ ပို့ကုန်များတိုးမြှင့်တင်ပို့နိုင်ရေးနှင့် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေး ကိစ္စများနှင့် ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့နေရသော အခက်အခဲများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးမှ တက်ရောက်လာသော သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။ ဆက် လက်၍ အိန္ဒိယနိုင်ငံသံအမတ်ကြီးက ပြည်ထောင်စုဝန်ကြီးအား အမှတ်တရလက်ဆောင် ပေးအပ် ပြီး မှတ်တမ်းဓါတ်ပုံများရိုက်ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

          အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မြန်မာ-အိန္ဒိယ ကုန်သည်များအသင်းမှ ကိုယ်စားလှယ် (၄၅) ဦးခန့်  တက် ရောက်ကြပါသည်။

အဖွဲ့အစည်း ကုန်သွယ်ရေးဦးစီးဌာန
ကဏ္ဍ General