မြန်မာ-တရုတ်နယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီ၏ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးညွန့်အောင် တက်ရောက်အမှာစကားပြောကြား

            ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့၊ (၁၃:၀၀) နာရီ အချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၂)၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်တည်ထောင်အကောင် အထည်ဖော်ရေးဆိုင်ရာဗဟိုကော်မတီ၏ သတ္တမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက် အဖွင့်အမှာ စကားပြောကြားခဲ့သည်။

            ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် “မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူး ပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေး” လုပ်ငန်းစဉ်များမြန်ဆန်ချောမွေ့ စေရန်နှင့် အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေးအတွက် အစည်းအဝေးသို့ တက်ရောက်လာကြသူ များက သက်ဆိုင်ရာကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ပြောကြားသည်။

            အစည်းအဝေးသို့ ဗဟိုကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဦးမြင့်ဆွေနှင့် ဗဟိုကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာအကြီးအကဲ များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

            ဆက်လက်၍ ဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူး၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဦးမြင့်သူရက မြန်မာ-တရုတ်နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင် အကောင်အထည်ဖော်ရေးဆိုင်ရာ အခြေအနေများအား ရှင်းလင်းတင်ပြခြင်းနှင့် ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဝင်းလွင်မှ (ဆဌမ)အကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု များအား ရှင်းလင်းတင်ပြခဲ့ရာ တင်ပြမှုများအပေါ် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍ အလိုက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို (၁၆:၀၀)အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိသည်။

အဖွဲ့အစည်း ကုန်သွယ်ရေးဦးစီးဌာန
ကဏ္ဍ General