စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးနှင့် စက်သုံးဆီ၊ စားသုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချ ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

နေပြည်တော်၊ ဇူလိုင် ၂၃  ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့(၁၄:၀၀) နာရီအချိန်တွင် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု များ မှန်ကန်မြန်ဆန်စေရေးနှင့် စက်သုံးဆီ၊ စားသုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ ညှိနှိုင်း အစည်းအဝေးသို့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ အတွင်းရေးမှူး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်ခဲ့သည်။

          အဆိုပါအစည်းအဝေးတွင် လက်တွေ့စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ စက်သုံးဆီဆိုင်များတွင် စက်သုံးဆီ နေ့စဉ်ပုံမှန်ရောင်းချပေးနိုင်မှု အခြားလုပ်ငန်းသုံး၊ စီမံကိန်းလုပ်ငန်း၊ အစိုးရဌာနဆိုင် သုံးစွဲမှုများအတွက် ပုံမှန်ရောင်းချပေးနေမှု၊ စက်သုံးဆီ လက်လီလက်ကားဈေးနှုန်းများ နေ့စဉ်ထုတ်ပြန်၍ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးမှု အခြေအနေ သတ်မှတ်ရည်ညွန်းဈေးနှုန်းထက် ပိုမိုရောင်းချနေမှုများအပေါ် ဥပဒေအရ အရေးယူ ဆောင်ရွက်ခဲ့မှုအခြေအနေများအား ရှင်းလင်းဆွေးခဲ့သည်။

          ဆက်လက်၍ တရားမဝင်ကုန်သွယ်မှုများ တားဆီးထိန်းချုပ်မှုများနှင့်ပတ်သက်၍ နိုင်ငံတော်၏ အခွန်ဘဏ္ဍာ တိုးတက်ရရှိစေရေး၊ အခွန်တိမ်းရှောင်ပြီး ရှောင်ကွင်းလမ်းကြောင်းများမှ တရားမဝင် မှောင်ခိုသယ်ဆောင်နေမှုများအပေါ် ထိထိရောက်ရောက် တားဆီးအရေးယူနိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များအား ဆွေးနွေး မှာကြားခဲ့သည်။

          စားသုံးဆီများ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချရေး၊ ဈေးကွက်အတွင်း ဆေးဝါးများ ပြတ်လက်မှုမရှိစေရေး ဈေးအဆမတန် မြှင့်တင်ရောင်းချနေမှုမျိုး မရှိစေရေးမှာကြားပါသည်။       

          ထို့နောက် လုံခြုံရေးနှင့် နယ်ရေးရာဝန်ကြီး ဗိုလ်မှုကြီး ကျော်ကျော်မင်းက တရားမဝင်ကုန် သွယ်မှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ မန္တလေးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်က တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံရဲတပ်ဖွဲမှ ပူးပေါင်း ဆောင်ရွက်နေမှုနှင့် လမ်းပန်းဆက်သွယ်မှုလုံခြုံစေရန် ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ (မန္တလေးရုံးခွဲ)တာဝန်ခံ ဦးရန်နိုင်လွင်က ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေးလုပ်ငန်းကော်မတီ (မန္တလေးရုံးခွဲ)၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ရေနံနှင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ် ဆေးရေးဦးစီးဌာန(PPRD) ညွှန်ကြားရေးမှူးချုပ် ဦးရွှေမော်က စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ ဆောင်ရွက်နေမှု အခြေအနေများ၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ က တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ လမ်းညွန်မှုဖြင့် မန္တလေးတံတားဦး လေဆိပ်နှင့် (၁၆) မိုင် ကျောက်ချောစစ်ဆေးရေးစခန်းသို့ သွားရောက် စစ်ဆေးခဲ့မှုအခြေအနေများ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ စက်သုံးဆီ လိုအပ်ချက်ရှိနေမှုအပေါ် ဝယ်ယူလိုမှု အခြေအနေများအား သက်ဆိုင်ရာကဏ္ဍ အသီးသီးအလိုက်  ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့ပြီး အခမ်းအနားကို (၁၆:၃၀) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

အဖွဲ့အစည်း ကုန်သွယ်ရေးဦးစီးဌာန
ကဏ္ဍ General