ကုန်သည်လုပ်ငန်းရှင်များအတွက် TRADENET 2.0 စနစ်အသုံးပြုမှု သင်တန်းအမှတ်စဉ်(၃/၂၀၂၂) ဖွင့်လှစ်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပို့ကုန် သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ထုတ်ပေးမှုအပါအဝင် ဆက်စပ်ကတ်များ၊ ပို့ကုန်သွင်းကုန်လိုင်စင် ပါမစ်ထုတ်ပေးမှုများအား Tradenet2.0 အသုံးပြု၍ Online စနစ်ဖြင့် ဝန်ဆောင်မှုပေးလျှက်ရှိရာ ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် စနစ်အသုံးပြုရာတွင် လွယ်ကူမြန်ဆန်စွာ အသုံးပြုနိုင်ရန်အတွက် သင်တန်းဖွင့်လှစ်ပို့ချခဲ့ပါသည်။

ကုန်သည်လုပ်ငန်းရှင်များအတွက် Tradenet2.0 စနစ်အသုံးပြုမှု သင်တန်းအမှတ်စဉ်      (၃/၂၀၂၂)ကို ၂၀၂၂ ခုနှစ်၊ မေလ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ သင်တန်းကာလ(၂)ရက် သတ်မှတ်ထားပြီး နံနက် (၁၀:၀၀) နာရီမှ (၁၆:၀၀)နာရီအထိ Virtual Online စနစ်(Webinar)ဖြင့် သင်တန်းသား (၂၃၁)ဦးနှင့် မိမိဝန်ကြီးဌာနမှ သင်တန်းသား (၆၀)ဦး တက်ရောက်ခဲ့ပါသည်။

၂၀၂၂ ခုနှစ်၊ မေလ ၂၈ ရက်နေ့ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကုန်သွယ်ရေးဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာဌာနခွဲ၊ ညွှန်ကြားရေးမှူး၊ ဦးမင်းဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြများနှင့် Virtual Online ဖြင့် သင်တန်းသားများအားလုံး တက်ရောက်ခဲ့ကြပါသည်။

သင်တန်းမှာ Tradenet Brief၊ ပသကနှင့်ဆက်စပ်ကတ်များ၏ မူဝါဒပိုင်းဆိုင်ရာများ၊ ပသကနှင့်ဆက်စပ်ကတ်များ လျှောက်ထား/ခွင့်ပြုမှုစနစ်အသုံးပြုမှု၊ ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ်များ၏ မူဝါဒပိုင်းဆိုင်ရာများ၊ ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ်လျှောက်ထား/ခွင့်ပြုမှု စနစ်အသုံးပြုမှု၊ကုန်သွယ်မှုဆိုင်ရာ ငွေပေးသွင်းမှု (e-Commerce Pay)ဘာသာရပ်များကိုကုန်သွယ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာဌာနခွဲအသီးသီးမှ သင်ကြားပို့ချခဲ့ပါသည်။

ဆက်လက်၍ နောင်အလားတူသင်တန်းများကိုလည်းဖွင့်လှစ်ပို့ချသွားမှာဖြစ်ပါတယ်။သင်တန်းများဖွင့်လှစ်ဆွေးနွေးပို့ချမှုနှင့် ပတ်သက်၍ CommerceWebsite,Tradenet Website, တို့တွင် ကြေငြာသွားမည်ဖြစ်ပါကြောင်းသတင်းရရှိပါသည်။

အဖွဲ့အစည်း ကုန်သွယ်ရေးဦးစီးဌာန
ကဏ္ဍ Import/Export