နို့ဆီတန်ချိန် ၄၀ဝ ကျော်နဲ့နို့မှုန့်တန်ချိန် ၄၀ဝ နီးပါးဝင်

ဇန်နဝါရီ ၁ ရက်မှ ၇ ရက်အထိ သီတင်းပတ်အတွင်း  ကန်ဒေါ်လာ ၆၃၉၈၂၈ တန်ဖိုးရှိ နို့ဆီ ၄၅၉ ဒသမ ၆၄၈ တန်ကို ပင်လယ်ရေကြောင်းကုန် သွယ်မှုလမ်းမှ တင်သွင်းခဲ့တယ်လို့ သိရ ပါတယ်။ ဒီတစ်ပတ် အိုကေနို့ဆီ ၂၄၀ ဒသမ ၇၆၈ တန်နဲ့ ဒွန်းနို့ဆီ ၂၁၈ ဒသမ ၈၈ တန် တင်သွင်းခဲ့ပါတယ်။   ယခင် သီတင်းပတ် တင်သွင်းတန်ချိန် ၃၅၀ ကျော်နဲ့နှိုင်းယှဉ်ရင် ၉၉ တန်ကျော် ပိုမို တင်သွင်းခဲ့ပါတယ်။
နို့မှုန့်က ဒီတစ်ပတ်မှာ အိုင်ယာ လန်နိုင်ငံမှ ၁ ဒသမ ၃ တန်၊ နယူးဇီလန် မှ ၃၅၃ ဒသမ ၆၀၈ တန်နဲ့ စင်ကာပူမှ ၁၅ ဒသမ ဝ၉၇တန်၊ စုစုပေါင်း ၃၇၀ ဒသမ ဝ၀၅ တန်  တင်သွင်းခဲ့တယ်လို့ သိရပါတယ်။  ယခင်တစ်ပတ်တင်သွင်း ခဲ့တဲ့ ၉၇တန်ကျော်နဲ့ နှိုင်းယှဉ်ရင် တန် ချိန်၂၇၀ကျော် ပိုမိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General