ဇန်နဝါရီ ဒုတိယပတ် ပြည်ပဲမျိုးစုံဈေးကွက်မှာ မတ်ပဲ၊ ပဲတီစိမ်းနှင့် အချို့ပဲသစ်များ ဆက်လက်ဝင်ရောက်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံဈေးကွက်အတွင်းသို့ ဇန်နဝါရီလဆန်းပိုင်းအတွင်း ပဲသစ်အမယ်စုံ ဝင်ရောက်လျက် ရှိရာ မတ်ပဲ၊ ပဲတီစိမ်း၊ပဲစင်းငုံ၊ ပဲလွန်းဖြူ၊ ပဲပုပ်၊ ဘိုကိတ်ပဲ သီးနှံများနေ့စဉ်ဝင်ရောက်ခဲ့ပြီးဖြစ်ပါတယ်။ကုလားပဲ၊ ပဲကြီး၊ ထောပတ်ပဲ၊ ပဲနီပြားသီးနှံများအနေဖြင့်  ပဲသစ်ဝင်ရောက်မှု မရှိသေးဘဲ ပဲဟောင်းလက်ကျန်များနဲ့သာ အရောင်းအဝယ် ဖြစ်ခဲ့ကြတာကိုတွေ့ရပါတယ်။
မတ်ပဲသီးနှံမှာ ဒီဇင်ဘာလကုန်ပတ်မှစ၍ ပဲသစ်အချို့ ဝင်ရောက်ခဲ့ကာ ယခုဇန်နဝါရီ ဒုတိယပတ်အတွင်းမှာ အိတ် ၁၀ဝ/၁၅၀ ကျော်ထိ ပန်းတောင်း၊ ကံမမြို့နယ်မှ ဝင်ရောက် သလို ရန်ကုန်ဝယ်လက်မှလည်း နေ့စဉ်အဝယ်ရှိခဲ့ကြပါတယ်။ ပဲဈေးနှုန်းမှာ လဆန်းရက်က ပဲဈေးပြန်လှုပ်လာလို့ တစ်တင်း ကျပ် ၃၇၅၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး ယခုတစ်ပတ် မှာ ဈေးလျော့သွားလို့ တစ်တင်းကျပ် ၃၄၀ဝ၀ ဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ၂၀၁၆ နှစ်ဆန်းပိုင်းကာလ က ပဲသစ်များ ဝင်ရောက်မှုသိပ်မများဘဲ  ပဲဈေးကတော့ တစ်တင်းကျပ် ၅၉၀ဝ၀ ဖြင့် ရောင်းဝယ်ကြပေမယ့် ယခုနှစ် မှာ ပဲဝင်ရောက်မှု များလာသော်လည်း ပဲဈေးက တစ်စတစ်စ လျော့နည်းနေခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့် ပဲဟောင်း လက်ကျန် လက်ဝယ်ရှိသူ ကုန်သည်အချို့နှင့် တောင်သူအချို့ လည်း ပဲဟောင်းများ ဆက်ထားရကောင်းနိုး၊ ရောင်းရကောင်း နိုးနှင့် စဉ်းစားရကြပ်နေတယ်လို့ ပဲလှောင်သူအချို့ထံမှ ကြား သိရပါတယ်။
ပဲတီစိမ်းသီးနှံအနေဖြင့်  ဒီဇင်ဘာမှ ဇန်နဝါရီ ပထမ ပတ်ထိ ပဲအဝင်သွက်ခဲ့ပေမယ့် ယခုတစ်ပတ်မှာတော့ ပဲဝင် ရောက်မှု အနည်းငယ်လျော့နည်းလာတာကို တွေ့ရပါတယ်။ ပန်းတောင်း၊ ကံမမြို့နယ်နှင့်   ပြည်အနီးတစ်ဝိုက်ဒေသများမှ ဝင်ရောက်ပေမယ့် ဝင်ရောက်မှုလျော့သွားလို့ အိတ် ၂၀ဝ^ ၃၀ဝခန့်သာ  ဝင်ရောက်ပြီး မန္တလေးလိုင်းသမားများ ဝင် သလောက် ဝယ်ယူလို့ နေ့စဉ်အိတ် ၃၀ဝ ကျော် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ပဲဈေးမှာ တစ်တင်းကျပ် ၂၉၅၀ဝ ဖြင့် အရည် အသွေးပေါ်မူတည်၍  ဈေးပေးဝယ်ယူတာကြောင့် ယခင် တစ်ပတ်ကထက် ဈေးအနည်းငယ်ပိုလာခဲ့ပေမယ့် မတ်ပဲဈေး လောက်တော့ ဈေးမရခဲ့ဘူးလို့ သိရပါတယ်။ ယခင်နှစ် နှစ် ဆန်းပိုင်းမှာ ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းဟာလည်း တစ်တင်း ကျပ် ၃၈၀ဝ၀ ရရှိခဲ့လို့ ယခုနှစ်မှာတော့ ပြည်ပ ဝယ်လက် ပဲအားလုံးလိုလို ဈေးလျော့နေတာကြောင့် ပဲတီစိမ်းသီးနှံဟာ လည်း ကျပ်သုံးသောင်းအောက်သာ ရရှိခဲ့ပါတယ်။
ပြည်တွင်းဝယ်လက်ပဲထဲမှာတော့  ကုလားပဲသီးနှံမှာ ယခင်နှစ်ကစပြီး ယခုနှစ်ဆန်းပိုင်းကာလအထိ ဈေးကွက် အတွင်း ဈေးကောင်းရလျက်ရှိတာကြောင့် ပြည်ပဝယ်လက် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ သီးနှံထက်ပင် ဈေးပိုရကာတစ်တင်း ကျပ်ငါးသောင်းကျော်အထိ ရရှိခဲ့ပါတယ်။ ယခုတစ်ပတ်မှာ တော့ ပဲဈေးအနည်းငယ်လျော့သွားခဲ့လို့ တစ်တင်းကျပ် ၄၉၀ဝ၀ဖြင့် လက်ကျန်ပဲများအား  ဒေသအတွင်းရှိ ပဲခွဲစက် သမားများနေ့စဉ်ဝယ်ယူကြတယ်လို့လည်းသိရပါတယ်။ပဲကြီး သီးနှံမှာဈေးအတက်အကျသိပ်မဖြစ်ဘဲ (ရွှေကျွန်း)တစ်တင်း ကျပ်၂၉၀ဝ၀၊ (ကမ်းနား) တစ်တင်းကျပ် ၂၇၀ဝ၀ ဖြင့် ပဲသစ် ဝင်ရောက်မှုမရှိသေးတဲ့အတွက် လက်ကျန်ပဲများအိတ်၂၀ဝ^ ၂၅၀ကျော် ပဲကြော်ဖိုသမားများ ပုံမှန်ဝယ်ယူမှုရှိခဲ့ကြပါတယ်။
ဘိုကိတ်ပဲသစ်များလည်း အဝင်ဆက်ရှိကာ ရန်ကုန်-ပြည်ရထားလမ်းတစ်လျှောက်မြို့နယ်များမှ  ဝယ်ယူကြတဲ့ အတွက် တစ်ရက်အိတ် ၅၀ ကျော် အရောင်းအဝယ်ဖြစ်ပြီး ပဲဈေးလျော့သွားလို့ တစ်တင်း ကျပ် ၂၆၀ဝ၀ ရရှိခဲ့သလို ထောပတ်ပဲ၊ ပဲနီပြားသီးနှံများလည်း  ပဲဟောင်းလက်ကျန် အနည်းငယ်ဖြင့်လက်လီဝယ်ယူမှုများရှိခဲ့ကြပါတယ်။ဈေးနှုန်း အနေဖြင့် ဈေးအေးခဲ့တဲ့ပဲများဖြစ်တာကြောင့်  ထောပတ်ပဲ တစ်တင်း ကျပ် ၁၄၅၀ဝ၊ ပဲနီပြားတစ်တင်း ကျပ် ၁၉၀ဝ၀ဖြင့် ဈေးငြိမ် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း လေ့လာသိရှိရပါ တယ်။                                      ခင်ဆွေဝင်း
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General