ရန်ကုန်ကားဈေးကွက်အတက်ဈေးဖြင့်ပင် အရောင်းအဝယ်အေးနေ

နှစ်ဆန်းပိုင်းကာလ၏  ရန်ကုန်ကားဈေးကွက် အခြေအနေမှာ  ယခင်နှစ်နိုဝင်ဘာ၊ ဒီဇင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့်   အခြေအနေများကြောင့် ခန့်မှန်းချက်၊ သုံးသပ်ချက်များဖြင့် ဈေးကွက်များအတွင်း အရောင်း အဝယ် ပြန်လည်အေး လာခဲ့ကြောင်းသိရသည်။
ဒီဇင်ဘာ တတိယပတ်က ရန်ကုန်နှင့် နေပြည် တော်တွင် ဖြစ်ပေါ်ခဲ့သော မော်တော်ယာဉ်မူဝါဒများနှင့် ပတ်သက်သည့်  စည်းကမ်းသတ်မှတ်ချက်များကြောင့် ကားဈေးကွက်အတွင်း အပြောင်းအလဲများစွာဖြစ်ပေါ် ခဲ့သည်။ ထို့ကြောင့်  ဖရီးပါမစ် တင်သွင်းကားများနှင့် အက္ခရာနိမ့်ကားလေးများပါ ဈေးတန်းများ အတော်မြင့် တက်လာခဲ့ပြီး စလစ်ဈေးတန်းများပါ  ဆယ်ဂဏန်းကျော် ကျော် ခုန်တက်သွားခဲ့သဖြင့်    အသစ်တင်သွင်းသူများ အဝယ်များသွားခဲ့သည်။  ထို့ပြင်  ကားလေးစုဆောင်းထား သူများကလည်း  ခပ်မြန်မြန်ရောင်းထုတ်သဖြင့်  ဈေး အမြင့်နှင့်ပင် ဈေးကွက်ကောင်းခဲ့သည့် အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
လတ်တလော နှစ်သစ်၏  ဇန်နဝါရီလဆန်းပိုင်း အခြေအနေမှာ ပုံမှန်သို့ ပြန်လည်မရောက်ရှိသေးသော် လည်း ဈေးအတက်မြန်ခဲ့ပြီး ထိပ်ဆုံးရောက်ခဲ့ရာမှ ယခု အခါ သိသိသာသာ   ကျဆင်းသွားမှုမရှိသော်လည်း အရောင်းအဝယ်များ ပြန်အေးသွားခဲ့သည်။  ၂၀၁၇ မူဝါဒအသစ်အရ ကားတင်သွင်း မှု (အထူးသဖြင့် ဖရီးပါ မစ်ကား) ကန့်သတ်ချက် မော်ဒယ်လ်ခုနှစ်မှာ ၂၀၁၅ မှ စတင်မည်ဖြစ်ပြီး   ဘယ်မောင်းများသာ   တင်သွင်းခွင့် ရရှိတော့မည်ဖြစ်၍ ဈေးတန်းအရ အသွင်း နည်းသွားနိုင် သည်။ ထို့ပြင် စလစ်ကပ်ကားများမှာလည်း ၂၀၁၁ ခုနှစ်မှ စတင်၍သာ တင်သွင်းခွင့်ရရှိမည်ဖြစ်ပြီး မော်ဒယ်လ် ခုနှစ်မြင့်ပြီး အင်ဂျင်ပါဝါကြီးကားများ  ဖြစ်လာနိုင်ရာ ပြည်ပသွင်းဈေး၊ ဝယ်ယူစရိတ်ဈေးနှုန်းလည်း လိုက်လံ ကြီးမြင့်နိုင်ပေသည်။ ထို့ကြောင့် တင်သွင်း သူများနည်း သွားနိုင်သဖြင့် ယခုနှစ်ဆန်းပိုင်း ရုံးပိတ် ရက်များအပြီး တွင် စလစ်ဈေးတန်း ငါးသိန်းမှ ခုနစ်သိန်းခန့်အထိ ပြန် လည်ကျဆင်းလာကာ  ဆက်လက်ကျဆင်းနိုင်ကြောင်း ဝါရင့်အကျိုးဆောင်ကိုမြင့်ကျော်က သုံးသပ်ပြသည်။
ယခုအခါ ဈေးကွက်အတွင်း ယခင်ဖြစ်ပေါ်ခဲ့သည့် ဈေးများဖြင့်ပင် ဈေးနှုန်းထပ်မံမြင့်တက်လာခြင်း  မရှိ တော့ဘဲ အတက်နှင့်ပင် ရပ်တန့်သလိုဖြစ်နေပြီး စလစ် ကပ်ကားများလည်း    လတ်တလော တင်သွင်းသူရှား နေသဖြင့် စလစ်ဈေးတန်းပင်ကျလာကြောင်း ယခုပုံ အတိုင်းဆိုလျှင် ဆက်လက်ကျဆင်းနိုင်ကြောင်း၊ ဖရီး ပါမစ်ကားလေးများ အက္ခရာ အနိမ့်များမှာလည်း ဒီဇင် ဘာနောက်ဆုံးပတ်က သိန်း ၃၀ ၊ သိန်း ၄၀ ခန့်ဈေးတက် သွားပြီး အရောင်းရှားနေသော်လည်း   လက်ရှိအခြေ အနေမှာ ဈေးကွက်တန့်သည့် သဘောဖြစ်နေ၍ အနည်း ငယ်လျှော့ဈေး သုံးသိန်း၊ လေးသိန်းခန့်ဖြင့် ပြန်လည် ရောင်းဝယ်လာသည်ကို တွေ့ရှိရကြောင်း၊ ၂၀၁၇ မူဝါဒ များ ပြီးပြည့်စုံလာလျှင် ဈေးအနည်းငယ် ပြန်ကျလာနိုင် ကြောင်း ၎င်းတို့ကပြောသည်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General