ဒီတစ်ပတ်မြေဩဇာ တန်ချိန် ၅၀ဝဝ ကျော်ဝင်

ဒီဇင်ဘာ ၂၅ ရက်မှ ၃၁ရက် အထိသီတင်းပတ်အတွင်းကန်ဒေါ်လာ ၁၂၃၂၀၇၇ တန်ဖိုးရှိ မြေဩဇာ ၅၀၂၆ ဒသမ ၉၈ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်  တရုတ်နိုင်ငံမှ ၁၇၄၂ဒသမ ၅၈တန်၊ ဂျပန်နိုင်ငံမှ တန်၃၀ဝ၊ မလေးရှားနိုင်ငံမှ တန်၂၄၀၊ ရုရှားနိုင်ငံမှ ၁၀၄၄ဒသမ၆၀တန်၊ ထိုင်းနိုင်ငံ မှ တန်ချိန် ၁၂၀ဝနဲ့ ဗင်နီဇွဲလားနိုင်ငံမှ  ၄၉၉ ဒသမ ၈၀ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ တင်သွင်းခဲ့တဲ့ အမျိုးအစားများမှာ ပိုတက်ဆီယမ်ဖော့စဖိတ်၊ နိုက်တြို ဂျင်၊ ရွှေနဂါးတော့(ပ်)  ဝမ်းမြေဩဇာ၊ ရွှေမြေသီး၊ ကွန်ပေါင်း စတဲ့ အမျိုးအစားများ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်က  တင်သွင်းခဲ့တဲ့တန်ချိန် ၂၃၂၀ဝ ကျော်နဲ့ နှိုင်းယှဉ်ရင် တန်ချိန် ၁၈၂၀ဝကျော်တင်သွင်းမှု လျော့နည်းခဲ့တယ်လို့ သိရပါတယ်။
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General