ဒီဇင်ဘာမှာ အနီးစပ်ဆုံးလထက် ဆန်ပိုမိုတင်ပို့

ဒီဇင်ဘာနောက်ဆုံးပတ်ဖြစ်တဲ့  ၂၄ ရက်မှ ၃၀ရက်အထိ  သီတင်းပတ်အတွင်းမှာ ကုန် သွယ်ရေးစခန်းများမှ  အမေရိကန်ဒေါ်လာ ၁၀ ဒသမ၂၃၄သန်းတန်ဖိုးရှိ ဆန် ၃၀၆၁၂တန်ကျော် တင်ပို့ခဲ့ပါတယ်။
ယခုတစ်ပတ်မှာ မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှသာမက မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှပါ တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်(၁၀၅)မိုင်ကုန်သွယ် ရေးဇုန်မှ   ငစိန်ဆန်တန် ၁၇၅၀ နဲ့ ဧည့်မထဆန် ၁၈၈၇၉ တန်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန် ၁၃၂၉တန်၊ လွယ်ဂျယ်ကုန်သွယ်ရေး စခန်းမှ ငစိန်ဆန် ၈၂၅၄ တန်၊  ကန်ပိုက်တီးကုန် သွယ်ရေးစခန်းမှ ငစိန်ဆန်တန်၃၀ဝနဲ့တာချီလိတ် ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန်တန် ၁၀ဝ  တင်ပို့ ခဲ့ပါတယ်။ ဒီဇင်ဘာလတစ်လလုံးမှာ အမေရိကန် ဒေါ်လာ ၃၉ ဒသမ ဝ၅၅ သန်းတန်ဖိုးရှိ ဆန် ၁၁၅၃၂၁ တန်တင်ပို့ခဲ့ပြီး အနီးစပ်ဆုံးနိုဝင်ဘာလ က ၉၂၅၅၅ တန်ကျော်သာ  တင်ပို့ခဲ့တဲ့အတွက် ဒီဇင်ဘာလမှာ ၂၂၇၆၆တန်ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။
ဆန်ကွဲတင်ပို့မှုအနေနဲ့ ယခုသိီတင်းပတ်မှာ အမေရိကန် ဒေါ်လာ သုည ဒသမ ၆၅၃ သန်း တန်ဖိုးရှိ ဆန်ကွဲ၂၃၁၇တန်ကျော် တင်ပို့ခဲ့ပါတယ်။ ဒီဇင်ဘာတစ်လလုံးမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၃၉သန်းတန်ဖိုးရှိ ဆန်ကွဲ ၈၆၅၂ တန် တင်ပို့ခဲ့ပြီး  အနီးစပ်ဆုံးနိုဝင်ဘာတင်ပို့မှုထက် ၁၁၆၅တန်လျော့နည်းခဲ့ပါတယ်။
ဒီဇင်ဘာ ၂၅ရက်မှ ၃၁ရက်အထိ  ရက်သတ္တ ပတ်အတွင်း  ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန် ဒေါ်လာ သုည ဒသမ ၇၂၉ သန်း တန်ဖိုးရှိ ဆန်ဖြူနဲ့ပေါင်းဆန် ၂၀၇၅တန်ကျော်တင် ပို့ပြီး  မလေးရှားနိုင်ငံသို့ ပေါင်းဆန်  တန် ၅၀နဲ့ ဧည့်မထဆန်တန် ၅၀၊ တရုတ်နိုင်ငံသို့  ဧည့် မထဆန် တန် ၁၀ဝဝ၊ ဘရာဇီးနိုင်ငံသို့ ဧည့်မထ ဆန်  ၂၂၅ တန်၊ အီးယူနိုင်ငံများသို့ ဧည့်မထဆန် တန် ၇၅၀  တင်ပို့ခဲ့ပါတယ်။ ဒီဇင်ဘာတစ်လလုံး အတွက် အမေရိကန်ဒေါ်လာ  ၇ ဒသမ ၂၄၅ သန်းတန်ဖိုးရှိ ဆန်ဖြူနဲ့ ပေါင်းဆန် ၂၂၆၃၉တန် ကျော် တင်ပို့နိုင်ပြီး အနီးစပ်ဆုံးနိုဝင်ဘာလက ၁၀၂၃၇ တန်သာတင်ပို့ခဲ့တဲ့အတွက် ဒီဇင်ဘာလ ဆန်တင်ပို့မှုမှာ၁၂၄၀၂တန်ပိုမိုတာတွေ့ရပါတယ်။
ယခုတစ်ပတ် ပင်လယ်ရေကြောင်း ကုန် သွယ်မှုမှ  ဆန်ကွဲတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ဝဝ၈ သန်း တန်ဖိုးရှိ ဆန်ကွဲ ၃၇၇၅တန် တင်ပို့ခဲ့ရာ စင်ကာပူနိုင်ငံသို့ တန် ၅၀နဲ့ အီးယူ နိုင်ငံများသို့ ၃၇၂၅ တန်တင်ပို့ခဲ့ပါတယ်။
ဒီဇင်ဘာလတစ်လလုံးမှာ   အမေရိကန် ဒေါ်လာ ၁၄ ဒသမ ဝ၄၁ သန်းတန်ဖိုးရှိ ဆန်ကွဲ ၅၁၆၄၅ တန်တင်ပို့ခဲ့ရာ  အနီးစပ်ဆုံးလထက် ၂၉၀၄၉ တန်ပိုမိုတင်ပို့နိုင်ပါတယ်။ ဒီဇင်ဘာ လအတွင်းမှာ ဆန်ရောဆန်ကွဲပါ အနီးစပ်ဆုံးလ ထက် ပိုမိုတင်ပို့နိုင်ကြောင်းသိရှိရပါတယ်။
                              ယဉ်ယဉ်အေး

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General