နယ်စပ်စခန်းစုံမှ နှမ်းရောင်စုံတင်ပို့

ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိ ရက်သတ္တပတ်အတွင်း မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ မြဝတီစခန်းစုံမှ အမေရိ ကန်ဒေါ်လာ ၂ ဒသမ ၅၀၂ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၁၉၂၇ တန်ကျော် တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုမှာ မူဆယ် မှ နှမ်းဖြူ(အခွံချွတ်) ၁၈ တန်၊ လွယ်ဂျယ်မှ နှမ်းဖြူလေးတန်ခွဲ၊ ချင်းရွှေဟော်မှ နှမ်းဖြူ ၅၂၂ တန်ကျော်၊ နှမ်းနက် တန် ၁၂၀ဝ ခန့်နဲ့ နှမ်းညို ၉၆ တန်နီးပါး၊ မြဝတီမှ နှမ်းနက် ၈၆ တန်ခွဲ ဖြစ် ပါတယ်။
ယခင်တစ်ပတ်က  ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း တစ်ခုတည်းမှသာ နှမ်းဖြူ^နှမ်းနက် ၁၂၅၁ တန်ကျော် တင်ပို့ ခဲ့လို့ ယခုတစ်ပတ်နှမ်းတင်ပို့မှုကို ကြည့်မယ်ဆိုလျှင် ချင်း ရွှေဟော်မှ  နှမ်း ၅၆၇ တန်ပိုမိုတင်ပို့နိုင်ခဲ့သလို မူဆယ်၊ လွယ်ဂျယ်နဲ့ မြဝတီကုန်သွယ်ရေးစခန်းများမှလည်း ယခင် တစ်ပတ်က နှမ်းတင်ပို့မှုမရှိဘဲ ယခုတစ်ပတ်မှသာ နှမ်း ရောင်စုံတင်ပို့ခဲ့တာဖြစ်ပါတယ်။
မူဆယ်ကုန်စည်ဒိုင်ရဲ့  နှမ်းဈေးကတော့ ဒီဇင်ဘာ ၁၀ ရက်မှ ၁၆ ရက်တွင် နှမ်းဖြူတစ်တန်ကို ၁၃၇၀၅၁၈ ကျပ်နဲ့ နှမ်းနက်တစ်တန်ကို ၂၅၆၅၇၃၇ ကျပ်ရှိရာမှ ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ရက်အတွင်းမှာတော့ နှမ်းဖြူတစ်တန်ကို ၁၃၃၈၅၂၁ ကျပ်၊ နှမ်းနက်တစ်တန်ကို ၂၅၀၅၈၃၇ကျပ်သို့  ဈေးအနည်း ငယ ်ကျဆင်းသွားခဲ့တယ်လို့သိရပါတယ်။
မော်မော်အောင်

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General