ပုသိမ်ဈေးကွက်တွင် ဆန်စပါးလက်ကျန်အဟောင်း လျော့နည်း၊

န်သစ်အရောင်းအဝယ် ပြန်အေး၍ ဈေးနှုန်းအနည်းငယ်ကျဆင်း
ပုသိမ်ဈေးကွက်တွင် မိုးစပါးသစ်  မပေါ်မီ ဆန်စပါးအရောင်းအဝယ်   အေးလျက်ရှိရာမှ
ဧည့်မထမိုးစပါးသစ်များဖြစ်သော   မနောသုခ၊ မျိုးပွား၊ ဆင်းသုခစပါးများ ဈေးကွက်ဝင်ရောက်လာ တဲ့ အောက်တိုဘာလဆန်း  ကောက်စောစပါး ဈေးနှုန်းမှာ အစိုဓာတ် မလွတ်သေးခင် ပေါင် ၅၀ တင်း ၁၀ဝ ကို ကျပ် ၃၅၀ဝ၀ဝ ဈေးနှုန်းရှိခဲ့ပါတယ်။ အဲဒီအချိန်က တောင်သူများတွက်ခြေကိုက်မှုနည်း ပါးပြီး ဈေးတန်းနိမ့်သော်လည်း  ယင်းဈေးနှုန်းမှာ တစ်ပတ်နှစ် ပတ်ခန့်သာရှိ၍ မိုးလေဝသကင်းလွတ် ချိန်စပါးများလှိုင်လှိုင်ထွက်လာသော  အောက်တို ဘာလကုန်နဲ့  နိုဝင်ဘာလများတွင် အရောင်း အဝယ်သွက်လျက်ရှိပါတယ်။ ဒါကြောင့် စပါး ဈေးနှုန်းမှာ တရိပ်ရိပ်မြင့်တက်လာရာမှ ပေါင် ၅၀ တင်း ၁၀ဝ ကို  ကျပ် ၅၅၀ဝ၀ဝ-၅၆၀ဝ၀ဝ နှင့် ဆန်ဈေးနှုန်းမှာ  တစ်အိတ်လျှင် ပေါ်စက ကျပ် ၁၆၀ဝ၀ ထက် ကျပ် ၁၉၀ဝ၀၊ ကျပ် ၂၀ဝ၀ဝအထိ မြင့်တက်လာခဲ့ကြောင်း  ဈေးကွက်ဝယ်လိုအား အပေါ်  မူတည်၍ တောင်သူများ ခန့်မှန်းထားတဲ့ ဈေးနှုန်းထက် မြင့်တက်ကာ တွက်ခြေကိုက်မှုရှိ ကြောင်း တောင်သူများနဲ့  နီးစပ်မှုရှိတဲ့ ပုသိမ်မြို့ ဧရာမင်းဆန်ဆိုင်ပိုင်ရှင် ဆန်ကုန်သည်ဦးဇော်ဝင်း က ပြောပါတယ်။
ဈေးကွက်တွင်   ဆန်စပါးအဟောင်းများ လက်ကျန်နည်းပါးလျက်ရှိပြီး ဒီဇင်ဘာ ဒုတိယ ပတ်လောက်မှစ၍ အရောင်းအဝယ်  ပုံမှန်သာရှိခဲ့ ပါတယ်။ ဧည့်မထမိုး၊ မနော သုခ၊ မျိုးပွား၊ ဆင်း သုခ စပါးဈေးနှုန်းမှာ  လက်ရှိ ပေါင် ၅၀ တင်း ၁၀ဝကို ကျပ် ၅၀ဝ၀ဝ၀-၅၂၀ဝ၀ဝ ခန့်၊ ဆန်တစ် အိတ်လျှင် ကျပ်၁၇၅၀ဝ-၁၈၀ဝ၀ဖြစ်ပြီး ပေါ်ဆန်း စပါးဈေးနှုန်းမှာ ၁၀၅ ပေါင်တင်း ၁၀ဝ ကို ယခင် ၈၃၀ဝ၀ဝ -၈၄၀ဝ၀ဝ ကျပ်ဈေးတွင် ဆန်တစ်အိတ် ကျပ် ၂၉၀ဝ၀-၃၀ဝ၀ဝ ဈေးရှိခဲ့ပါတယ်။ ယခုစပါး ဈေးကျပ် ၈၀ဝ၀ဝ၀ ဈေးတွင် ဆန်တစ်အိတ် ကျပ် ၂၈၀ဝ၀-၂၈၅၀ဝ ဈေးသို့ အနည်းငယ်ဈေးနှုန်းကျ ဆင်းလျက်ရှိကြောင်း၊ ပေါ်ဆန်းဆန် စားနိုင်သော် လည်း အဆီအဆိမ့်ရှောင်လိုသူများအတွက် ဈေး တန်းမြင့်မား၍ ဧည့်မထအုပ်စုတွင် အကောင်းဆုံး အသွယ်ဆန်ဖြစ်တဲ့ ရွှေသွယ်စပါးဈေးမှာ  ပေါင် ၅၀ တင်း ၁၀ဝ ကို   ကျပ် ၆၈၀ဝ၀ဝ-၇၀ဝ၀ဝ၀ ဈေးနဲ့ ဆန်တစ် အိတ်လျှင် ကျပ် ၂၅၀ဝ၀-၂၆၀ဝ၀၊ ဧည့်မထအုပ်စုဝင် အလတ်တန်းစား မီးကောက် စပါးဈေးမှာ ပေါင် ၅၀တင်း၁၀ဝကို ကျပ် ၅၅၀ဝ၀ဝ- ၅၆၀ဝ၀ဝဈေး၊ဆန်တစ်အိတ်ဈေးမှာကျပ်၂၀ဝ၀ဝ- ၂၁၀ဝ၀ ဈေးဖြင့် ရောင်းဝယ်လျက်ရှိကြောင်းပုသိမ် ဈေးကွက်မှ ဒေသတွင်း ဟင်္သာတမြို့နဲ့ ရန်ကုန်-ပြည်-မန္တလေး- အညာဒေသများသို့ အဓိကတင်ပို့ ရောင်းချလျက်ရှိပြီး မိုးစပါးသစ်များကို ယခုအချိန် နှစ်ပတ်လည် ကြိတ်ခွဲရောင်းချဖို့ ဝယ်ယူသိုလှောင် ထားတဲ့ ဆန်စက်ပိုင်ရှင်၊  ဆန်ကုန်သည်ကြီးများနဲ့ တောင်သူလယ်သမားကြီးများလက်ထဲတွင် အများစု ရှိပြီး  မိုးစပါးစိုက်ပျိုးရောင်းချပြီး အချို့တောင် သူများမှာ မိုးစပါးမှရရှိသော  အရင်းအနှီးများဖြင့် နွေစပါး ထပ်မံစိုက်ပျိုးရန် ပြင်ဆင်လျက်ရှိကြောင်း ဦးဇော်ဝင်းက ဆက်လက်ပြောကြားပါတယ်။
မင်းမင်းဦး (ပုသိမ်မြို့)
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General