ပရဆေးကုန်ကြမ်း လျော့ နည်းတင်ပို့

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ ဒီဇင်ဘာ ၁၀ရက်မှ ၁၆ ရက်အထိ သီတင်းပတ်အတွင်း အမေ ရိကန် ဒေါ်လာ သုညဒသမ ၇၆၅ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း အမယ် ၁၃ မျိုးကို တန်ချိန် လေးရာကျော် တင်ပို့ခဲ့ ပါတယ်။ တင်ပို့ခဲ့တဲ့ ပရဆေးအမယ် များမှာ ကွမ်းသီးခွံ၊ ကွမ်းစားဂမုန်း၊ ဆီးဆန်၊ ဆီးသီးခြောက်၊ နနွင်းတက်၊ တောချင်း၊ တောဂျူးမြစ်၊ မုတ်ခါး၊ မိချောင်းကွမ်းဖတ်စေ့၊ နေလဲစေ့၊ ကြောင် ပန်းစေ့နဲ့ ချဉ်ပေါင်ဖာလာ (အခွံ မပါ^ ပါ) တို့ ဖြစ်ပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၇၅၀ခန့် တင်ပို့နိုင်ခဲ့လို့ ယခု တစ်ပတ် ပရဆေး တန်သုံးရာကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။
ဆီးဆန်ကို တရုတ်နိုင်ငံမှာ အိမ် သုံးဆေးနဲ့ နှလုံးရောဂါအတွက် ပဋိဇီဝ ဆေး ဖော်စပ်ရာမှာ ကုန်ကြမ်းအဖြစ် လည်းကောင်း၊ အခြားပရဆေး အမယ် တွေကိုတော့ တရုတ်တိုင်းရင်းဆေး ဖော်စပ်ရာမှာ လည်းကောင်း၊ သဘာဝ ဓာတ်မြေသြဇာ ထုတ်လုပ်ရာမှာ လည်း ကောင်း၊ အင်ဂျင်ဝိုင် (စက်သုံးဆီ) အဖြစ်လည်းကောင်း၊ ဟင်းဖတ်အမွှေး အကြိုင် ဖော်စပ်ရာမှာ လည်းကောင်း လိုအပ်သလို အသုံးပြုကြတာလို့ သိရ ပါတယ်။
မော်မော်အောင်

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General