တရုတ်နိုင်ငံသို့ သကြားတင်ပို့မှု လျော့နည်းခဲ့ပြီး ထိုင်းနိုင်ငံမှ သကြားတင်သွင်းမှု ပိုမို

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ် ရေးဇုန်မှ ဒီဇင်ဘာ ၁၀ ရက်မှ ၁၆ ရက်အထိ သီတင်းပတ် အတွင်း အမေရိကန်ဒေါ်လာ ၂၁ဒသမ ၄၈၁ သန်း တန်ဖိုးရှိ သကြား ၃၈၃၂၈ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် က ၅၄၁၉၉ တန်အထိ တင်ပို့နိုင်ခဲ့လို့ ယခုတစ်ပတ် တရုတ် နိုင်ငံသို့ သကြားတင်ပို့မှု တန်တစ်သောင်းခွဲခန့် လျော့နည်း ခဲ့ပါတယ်။
မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၇ဒသမ ၅၁၄ သန်း တန်ဖိုးရှိ ျွန-နထစသမအ သကြား ၁၃၂၅၇ တန်ကျော် တင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ်က ၇၇၂၆ တန်သာ တင်သွင်းနိုင်ခဲ့လို့ ယခုတစ် ပတ် ထိုင်းနိုင်ငံမှာ သကြား ၅၅၃၁ တန် ပိုမိုတင်သွင်းခဲ့တယ် လို့ သိရပါတယ်။
ဒီဇင်ဘာ ၁၀ ရက်မှ ၁၆ ရက် သီတင်းပတ်မှာ သကြား တစ်တန်လျှင် ၁၁၀၄၀ဝ၀ ကျပ်ခန့်အထိ ဝယ်ယူရပြီး တစ်ဖက် နိုင်ငံမှာ ၅၀ ကီလိုတစ်အိတ်လျှင် ၂၇၅ ယွမ်မှ ၂၇၆ ယွမ်အထိ ဈေးရရှိကြောင်း မူဆယ်ကုန်စည်ဒိုင်မှ သတင်းရရှိပါတယ်။
တရုတ်နိုင်ငံတွင် ၂၀၁၄ ခုနှစ်ကုန်မှ စတင်ပြီး သကြား စက်ရုံအများစုကို နည်းပညာအဆင့်မြင့် စက်ရုံများအဖြစ် အစားထိုး ပြောင်းလဲခဲ့ခြင်း၊ ရာသီဥတု ဖောက်ပြန်ပြီး ကြံ အထွက်နည်းလာခြင်းတို့ကြောင့် သကြားထုတ်လုပ်မှု ကျဆင်း ခဲ့ရသလို တရုတ်အစိုးရက သကြားကုန်ကြမ်း တင်သွင်းတာကို တင်းကျပ်မှုတွေ ရှိလာတာကြောင့် တရုတ်နိုင်ငံအနေနဲ့ ဝယ် လိုအား မြင့်တက်လာတာလို့ သိရပါတယ်။

မော်မော်အောင်

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General