နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ရေထွက်ကုန်ပစ္စည်းတင်ပို့မှု ဆက်လက်ကျဆင်း

မြန်မာ-ထိုင်း နယ်စပ်ရှိ ကုန်သွယ်ရေး စခန်းများမှ ဒီဇင်ဘာ ၁၀ ရက်မှ ၁၆ ရက် အထိ သီတင်းပတ်အတွင်း အမေ ရိကန်ဒေါ်လာ ၃ဒသမ ၄၈၇ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၃၉၆၃ တန် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ရေထွက်ကုန် တန်ချိန် ၄၀၈၅ တန်ခန့် တင်ပို့ ခဲ့တာမို့ ယခုတစ်ပတ်မှာ ၁၂၂ တန်ခန့် လျော့နည်းခဲ့တယ်လို့ သိရပါတယ်။
ကုန်သွယ်ရေးစခန်းအလိုက် တင်ပို့မှုကို ကြည့်ပါက မြဝတီ ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုညဒသမ ၁၃၈ သန်း တန်ဖိုးရှိ  ငါးမျိုးစုံ၊  ကဏန်း၊  ပုစွန်  ၉၅ တန်၊ ကော့သောင်း ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃သန်းခန့် တန်ဖိုးရှိ ငါးမျိုးစုံ၊ ကင်းမွန်၊ ပုစွန်၊ ရေဘဝဲ၊ အခြားရေထွက် ၁၈၇၉ တန်နဲ့ မြိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂ဒသမ ဝ၄၉ သန်း တန်ဖိုးရှိ ငါးမုန့်၊ သဲကဏန်း၊ ငါးမျိုးစုံ၊ ပုစွန်၊ ကင်းမွန် ၁၉၈၈ တန်ခန့် တင်ပို့ ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ မြိတ်ကုန်သွယ်ရေး စခန်းမှ ရေထွက်ကုန် ပိုမိုတင်ပို့နိုင်သော်လည်း မြဝတီ ကုန် သွယ်ရေးဇုန်နဲ့ ကော့သောင်း ကုန်သွယ်ရေးစခန်းမှ ရေထွက် ကုန်များ လျော့နည်းတင်ပို့ခဲ့တဲ့အတွက်ကြောင့် တင်ပို့မှု ဆက်လက်ကျဆင်းနေတယ်လို့ သတင်းရရှိပါတယ်။
ခင်မိုးသူ
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General