အပြည်ပြည်ဆိုင်ရာ ရော်ဘာအသင်း၏ အသိအမှတ်ပြု လက်မှတ်ရရှိရေးအတွက် CPQM ရော်ဘာဓာတ်ခွဲခန်းအား မလေးရှားရော်ဘာဘုတ်အဖွဲ့ ကစစ်ဆေး

မြန်မာ့သဘာဝရော်ဘာ ပို့ကုန် များကို အရည်အသွေးမြှင့်တင် ထုတ် လုပ်နိုင်ရန်အတွက် စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် စားသုံးသူရေးရာ ဦးစီး ဌာနနှင့် MRPPA တို့ ပူးပေါင်း၍ မြန်မာ့သဘာဝရော်ဘာ အရည်အသွေး စမ်းသပ် စစ်ဆေးရေးဓါတ်ခွဲခန်းကို ၂၀၁၄ ခုနှစ်တွင် လှည်းကူးမြို့ရှိ ကုန် ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့်အရည်အသွေး စီမံခန့်ခွဲမှုဌာနတွင် တည် ထောင်ခဲ့ပါသည်။ အဆိုပါ ဓာတ်ခွဲခန်း အားInternational Rubber Association (IRA) မှ အသိအမှတ်ပြုလက်မှတ် ရရှိ ရေး၊ အရည်အသွေး စမ်းသပ်စစ်ဆေး ရေး၊MSR Logoတံဆိပ်ထုတ်ပေး ရေးနှင့် စစ်ဆေးချက်လက်မှတ်ရရှိရေး အတွက် စီစဉ်ဆောင်ရွက်ခဲ့ရာIRA Audit Team  မှ တာဝန်ပေးအပ်သည့်Malaysia Rubber Board (MRB)မှ ပညာရှင်များက ဒီဇင်ဘာလ ၈ ရက်မှ ၉ ရက်အထိလာရောက်၍ISO/IEC 17025   နည်းစဉ်များနှင့်အညီ ဆောင် ရွက်ထားရှိမှုများကို ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးခဲ့ပြီး လိုအပ်ချက်များကိုလည်း ၂၀၁၇ ခုနှစ်အတွင်း အပြီးအစီး ဆောင် ရွက်သွားရန် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
ယင်းဓာတ်ခွဲခန်း တည်ထောင်ရာ ၌ ဂျပန်နိုင်ငံ ြMinistry of Economy Trade and Industry (METI) ၏ ပံ့ပိုး ကူညီမှုဖြင့် (HIDA) ကနည်းပညာရှင် များမှ ဓာတ်ခွဲခန်းဝန်ထမ်းများအား သင်တန်းပေးခြင်း၊ လိုအပ်သော ဓာတ် ခွဲခန်းသုံး စက်ကိရိယာများ ပံ့ပိုးလှူဒါန်း ခြင်းများ ကူညီပံ့ပိုးခဲ့ပါသည်။ ယခု အခါ လုပ်ငန်းများ စနစ်တကျ ဆောင် ရွက်နိုင်ရန်အတွက် စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဓာတ် ခွဲခန်းစီမံခန့်ခွဲမှု ကော်မတီအား စားသုံး သူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်ကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေး၍ ဌာနအရာရှိများနှင့် MRPPA အသင်းမှ တာဝန်ရှိသူများဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ၎င်းကြီးကြပ်ရေးကော်မတီမှ ဓာတ်ခွဲ ခန်းအားIRA  အသိအမှတ်ပြု လက် မှတ်ရရှိရေး၊ အရည်အသွေးစမ်းသပ် စစ်ဆေးရေး MSR Logo တံဆိပ် ထုတ်ပေးရေးနှင့် စစ်ဆေးချက် လက် မှတ်ထုတ်ပေးနိုင်ရေးတို့ကို ဆောင်ရွက် နိုင်ရန်အတွက် ယခုကဲ့သို့ ဆောင်ရွက်ခဲ့ ခြင်းဖြစ်ပါသည်။
မြန်မာ့သဘာဝရော်ဘာ အရည် အသွေး စမ်းသပ်စစ်ဆေးရေး ဓာတ်ခွဲ ခန်းမှ နိုင်ငံတကာအဆင့်မီ ရော်ဘာ အရည်အသွေးများကို စမ်းသပ်စစ်ဆေး ၍ စစ်ဆေးချက်လက်မှတ် ထုတ်ပေး နိုင်ပါက မြန်မာ့ရော်ဘာပို့ကုန်များ သည် စံချိန်^စံညွှန်းနှင့်အညီ ဈေး ကွက် နေရာရရှိလာနိုင်တော့မည်ဖြစ်ရာ စိုက်ပျိုးထုတ်လုပ်သူများ၊  တင်ပို့ရောင်း ချသူများပါ အကျိုးစီးပွားဖြစ်ထွန်းလာနိုင်မည်ဖြစ်ပြီး ပို့ကုန်ကဏ္ဍဖွံ့ဖြိုး တိုး တက်၍ နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကိုပါ များစွာ အထောက်အကူ ဖြစ်လာနိုင်မည်ဖြစ်ကြောင်း သိရပါသည်။
နိုင်ငံတော်၏ ပို့ကုန်ကဏ္ဍသည် များစွာအရေးကြီးသည်ဖြစ်၍ ပြောင်း လဲလာသည့် ခေတ်နှင့်အညီ ထုတ်လုပ် သည့် ကုန်ပစ္စည်းသည်လည်း ဈေးကွက် ဝင်ဆံ့ရန်အရေးကြီးပါသည်။ မြန်မာ နိုင်ငံအနေဖြင့် ပို့ကုန်ပစ္စည်းများတွင် လယ်ယာထွက်ကုန်၊ ရေထွက်ကုန်၊ သစ် တောထွက်၊ ကျောက်မျက်၊ တိရစ္ဆာန် ထွက်နှင့် နှစ်ရှည်သီးနှံ စက်မှု ကုန် ကြမ်းတို့ကိုပါ တင်ပို့လျက်ရှိပါသည်။ ၎င်းင်းနှစ်ရှည်သီးနှံများမှာ ရော်ဘာသည် အဓိကအရေးပါသည့် စက်မှုကုန်ကြမ်း သီးနှံဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ အမျိုးသား ပို့ကုန် မဟာဗျူဟာတွင်လည်း အလားအလာ ရှိသော ပို့ကုန်ဖြစ်ပါသည်။ ယင်းကြောင့် မြန်မာ့ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု အဆင့်အတန်းမြင့်မားစေရေး နိုင်ငံ တကာနှင့် ရင်ပေါင်တန်းနိုင်အောင် အရည်အသွေး ကောင်းမွန်သော ရော်ဘာကို ထုတ်လုပ်တင်ပို့သွားနိုင် ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာ့ရော်ဘာများသည် အရည် အသွေးနိမ့်ကျလျက်ရှိပြီး အရည် အသွေး စစ်ဆေးရေးနှင့် အသိအမှတ် ပြု လက်မှတ်ထုတ်ပေးသည့် စနစ် (Certification System)  မရှိ၍  ဈေး ကွက်တွင် နိုင်ငံတကာရော်ဘာ ပေါက် ဈေးထက် များစွာ နိမ့်ကျလျက်ရှိပါ သည်။ ထို့ကြောင့် မြန်မာ့သဘာဝရော်ဘာ များ နိုင်ငံတကာအဆင့်မီ ထုတ်လုပ် နိုင်ရေးအတွက်  မြန်မာနိုင်ငံ ရော်ဘာ   စိုက်ပျိုး ထုတ်လုပ်သူများအသင်း  (MRPPA) နှင့် ဂျပန်နိုင်ငံTrade Oversea Human Resource and Industry Development Association  (HIDA)တို့မှ  MoUလက်မှတ်ရေးထိုး ပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရှိပါ သည်။           လှစိုး (CTQM)

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General