နို့ဆီတန်ချိန် ၅၀ဝ နီးပါးနဲ့နို့မှုန့်တန်ချိန် ၇၀ နီးပါးဝင်

ဒီဇင်ဘာ ၁၁ ရက်မှ ၁၇ ရက် အထိ  သီတင်းပတ်အတွင်းကန်ဒေါ်လာ ၆၅၉၇၉၅ တန်ဖိုးရှိ  နို့ဆီ ၄၈၀ ဒသမ ၄၄၆ တန်ကို  ပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ    တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ငေူ်္ခသည  တံဆိပ်နို့ဆီ ၁၅၄ ဒသမ ၅၆ တန်၊ ှ့ငစ တံဆိပ်နို့ဆီ ၃၄ ဒသမ ၆၅၆တန်၊ တီးပေါ့နို့ဆီ ၄၆ ဒသမ ၅၅တန်နဲ့ ဒွန်းနို့ဆီ ၂၄၄ ဒသမ ၆၀ တန် တင်သွင်းခဲ့တယ်လို့သိရပါတယ်။ ယခင် သီတင်းပတ်  နို့ဆီအဝင်တန်ချိန်၃၅၀ ကျော်နဲ့နှိုင်းယှဉ်ရင် တန်ချိန် ၁၃၀ ကျော် ပိုမိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။
ဒီတစ်ပတ်    မလေးရှားနိုင်ငံမှ နို့မှုန့် ၃၂ဒသမ ၉၁၄တန်၊ အိုင်ယာလန် နိုင်ငံမှ ၁ ဒသမ ၂၄၈ တန်၊ စင်ကာပူ နိုင်ငံမှ ၃ဒသမ၇၅တန်၊ နယူးဇီလန်မှ ၁၆တန်နဲ့ ဂျာမနီနိုင်ငံမှ ၁၄ဒသမ၇၃၂ တန်၊ စုစုပေါင်း ၆၈ ဒသမ ၆၄၅ တန် တင်သွင်းခဲ့တယ်လို့သိရပါတယ်။ ယခင် သီတင်းပတ်နို့မှုန့်တင်သွင်းမှု တန်ချိန် ၁၇၀ကျော်နဲ့ နှိုင်းယှဉ်ရင်တန်ချိန် ၁၀ဝ ကျော် တင်သွင်းမှုလျော့နည်းခဲ့တယ်လို့ သိရပါတယ်။


 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General