ရန်ကုန်နဲ့ မော်လမြိုင်မှာ ဓာတ်မြေသြဇာဈေးကွက်အရောင်းသွက်

ဒီဇင်ဘာ ၁၁ ရက်မှ ၁၇ရက်အထိသီတင်းပတ်အတွင်း ပြည်တွင်းသို့ ရေ လမ်းမှ မြေသြဇာတန်ချိန် ၆၈၈၀ကျော် အဝင်ရှိခဲ့ပြီး ယခင်သီတင်းပတ်က  တန်ချိန် ၁၁၈၃၀ ကျော်ဝင်ခဲ့တာကြောင့် ဒီတစ်ပတ် မှာ တန်ချိန် ၄၉၅၀ ကျော် တင်သွင်းမှု လျော့ခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်လမ်းမှ ယခုတစ်ပတ် မြေသြဇာအဝင်မှာ တန်ချိန် ၁၅၁၀ဝ ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၁၃၀၆၀ ကျော်ရှိခဲ့ တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၂၀၅၀ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါ တယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေကြောင်း ရောနယ်စပ်လမ်းမှပါ  မြေသြဇာအဝင် လျော့ခဲ့ပါတယ်။
မော်လမြိုင်ဈေးကွက်မှာ  ဒီတစ်ပတ်ရောင်းအား ပြန်တက်လာတယ်လို့ သိရ ပါတယ်။ ဒီတစ်ပတ်မှာ ပုလဲအသေး ၄၆% နဲ့ ကွန်ပေါင်း၁၅ ပတ်လည် က ကျပ် ၅၀ဝ၊ ကွန်ပေါင်း ၁၆း၁၆း၈ က ကျပ် ၃၀ဝ နဲ့ တီစူပါ ၄၆% ကျပ် ၁၀ဝ၀ဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်နေတဲ့ ဈေးမှာ ပုလဲ-အသေး ၄၆%(ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်-တရုတ်)ကျပ်၂၁၅၀ဝ၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း) ကျပ်၃၅၀ဝ၀၊ ကွန်ပေါင်း (ပန်းရောင်) ကျပ်၃၀ဝ၀ဝ၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း) ကျပ်၂၁၅၀ဝ၊ တီစူပါ၄၆% (သံကွင်း-တရုတ်) ကျပ်၂၁၀ဝ၀နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ စုံစမ်း ရရှိခဲ့ပါတယ်။
ရန်ကုန်ဈေးကွက်မှာ မြေသြဇာကနယ်ဘက်မှ အဆွဲရှိတာကြောင့် အရောင်း အဝယ်သွက်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ယူရီးယားက ဈေးငြိမ်နေပေမယ့် တီစူပါက ကျပ် ၁၂၀ဝဈေးကျပြီး ပိုတက်က ကျပ် ၅၀ဝဈေးမြင့်လာတယ်လို့ သိရပါ တယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ ယူရီးယား (နေရွက်လှေ-တရုတ်) ကျပ် ၂၁၅၀ဝ၊ ယူရီးယား (ရွှေတောင်-တရုတ်) ကျပ်၂၁၅၀ဝ၊ တီစူပါ (သံကွင်း-တရုတ်) ကျပ် ၁၈၈၀ဝ၊  ပိုတက်(အိန္ဒိယ) ကျပ် ၂၃၅၀ဝ၊  ကွန်ပေါင်း ၁၅း ၁၅း၁၅ ကျပ် ၃၇၅၀ဝ ဈေးရှိတယ်လို့ မြေသြဇာအရောင်းဆိုင်မှ စုံစမ်းသိရှိ ရပါတယ်။
တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ်  အရောင်းအေးတယ်လို့ သိရပါတယ်။ အရောင်းအေးပေမယ့် ယူရီးယား ကျပ်၉၀ဝ၊ တီစူပါ ၁၅ပတ်လည် နဲ့ယူရီးယား (ယူအေအီး)ကျပ် ၅၀ဝ ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဒီလိုဈေးမြင့်ရတာလည်း ငွေဈေးမြင့်လာလို့ဖြစ်တယ်လို့ သိရပါတယ်။ ဈေးကွက် အရောင်းအဝယ် ဖြစ်နေတဲ့ ဈေးမှာ  (ကမ္ဘာလုံး-တရုတ်)  ကျပ်၂၂၂၀ဝ ၊ ယူရီးယား(ရွှေတောင်-တရုတ်)ကျပ် ၂၂၂၀ဝ ၊ ယူရီးယား (ပန်းဖူး-တရုတ်) ကျပ်  ၂၃၆၀ဝ၊ တီစူပါ၂၀% (တရုတ်) ကျပ် ၁၃၀ဝ၀၊ ပိုးသတ်ဆေး   ကျပ်၁၉၀ဝ၊ တီစူပါ ၁၅ ပတ်လည် (တရုတ်) ကျပ် ၃၆၅၀ဝ၊ တီစူပါ ၁၀း၁၀း၅ (တရုတ်) ကျပ် ၁၆၀ဝ၀၊    ဓာတ်ဆား (တရုတ်) ကျပ် ၁၄၀ဝ၀၊   ပိုတက်(တရုတ်) ကျပ် ၂၃၅၀ဝ၊ ယူရီးယား (ယူအေအီး) ကျပ် ၁၉၅၀ဝ၊ မြှားကမ္ဘာ ကျပ် ၁၆၀ဝ၀ နဲ့ အရောင်းအဝယ်ဖြစ် တယ်လို့  ဈေးကွက်အတွင်းမှ စုံစမ်း သိရပါတယ်။
မကွေးဈေးကွက်မှာ  ရာသီသီးနှံ အတွက်      အဝယ်ရှိတာကြောင့် အရောင်းပုံမှန်ရှိပြီး ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်နေတဲ့ဈေးမှာ    မြှားကမ္ဘာ ၁၂း၁၃(အပြာ)   ကျပ် ၁၆၀ဝ၀၊ ဆင် ၁၀း၁၀း၅ ကျပ် ၁၅၂၀ဝ၊ သီးစုံ (ဝါစိမ်း ပြာ)ကျပ် ၁၅၅၀ဝ၊ အာမို ၁၅ပတ်လည် ကျပ် ၃၅၃၀ဝ၊   အာမို ၁၆း၆း၈  ကျပ် ၃၃၃၀ဝ၊  ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်)   ကျပ်၂၁၃၀ဝ၊ ယူရီးယား (ရွှေ တောင်-တရုတ်)ကျပ် ၂၃၁၀ဝ၊ အာမို ၁၀း၁၀း၅ ကျပ် ၁၆၃၀ဝ၊ အောင်ကမ္ဘာ  ၁၀း၁၀း၅ ကျပ် ၁၈၀ဝ၀၊ တီစူပါ ကျပ် ၁၈၇၀ဝ၊ တောင်သူမ ကျပ် ၁၅၁၀ဝ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့  သိရပါ တယ်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General