ပြည်တွင်းငွေလဲနှုန်းများ တစ်ပတ်အတွင်း ကျပ် ၅၀ ကျော် ပြန်လည်ကျဆင်း

ယခုတစ်ပတ်အတွင်း ပြည်တွင်း ငွေလဲနှုန်းများသည် ကျပ် ၅၀ ကျော်ကျဆင်း လာခဲ့ကြောင်း ဈေးကွက်အတွင်း မှ စုံစမ်းသိရှိရသည်။ မော်တော်ယာဉ်တင်သွင်းခွင့် ပါမစ်များ ရပ်ဆိုင်းလိုက်ပြီးသည့်နောက်တွင်   ယခုကဲ့သို့ ဈေးများ ပြန်လည်ကျဆင်း လာခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ဈေးကစားသူများကြောင့်လည်း ဈေးများကျဆင်းလာ ရခြင်းဖြစ်ကြောင်းဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
မော်တော်ယာဉ်တင်သွင်းသူများအနေဖြင့် မော်တော်ယာဉ်တင်သွင်းခွင့် မရ ရှိသဖြင့် ဘဏ်တွင်ထည့်သွင်းထားသည့် အမေရိကန်ဒေါ်လာများကို ပြန်လည်ထုတ် ယူရမည်ဖြစ်ရာ ယင်းငွေများကြောင့်လည်း ဈေးများကျဆင်းလာနိုင်ကြောင်း သုုံး သပ်လျက်ရှိသည်။
ထို့ပြင် ပြည်တွင်းရှိ ဘဏ်လုပ်ငန်းရှင်များ၏ ပြည်ပဘဏ်များရှိ ငွေစာရင်း များအား ဗဟိုဘဏ်မှ တောင်းယူထားသဖြင့်လည်း စင်ကာပူ၌ အဝေးရောင်းချမှု များ ပိုမိုများပြားလာသဖြင့် ဈေးပြန်လည်ကျဆင်းလာရခြင်းဖြစ်ကြောင်း ဈေးကွက် အတွင်း သုံးသပ်လျက်ရှိသည်။ ယခုတစ်ပတ်တွင် အမြင့်ဆုံးဈေးအဖြစ် ရောင်းဈေး ၁၄၂၇ ကျပ်အထိ  မြင့်တက်သွားခဲ့ပြီးနောက်  အနိမ့်ဆုံးဈေးအဖြစ် ရောင်းဈေး ၁၃၇၅ ကျပ်အထိ ကျဆင်းခဲ့သည်။
ပြင်ပငွေလဲစင်တာများတွင် အမေရိကန်တစ်ဒေါ်လာလျှင် ဒီဇင်ဘာ ၁၉ ရက် က ရောင်းဈေး ၁၄၂၇ ကျပ်၊ ဝယ်ဈေး ၁၄၂၀ ကျပ်ရှိခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက်တွင် ရောင်းဈေး ၁၃၉၇ ကျပ်၊ ဝယ်ဈေး ၁၃၈၇ ကျပ်သို့ကျဆင်းခဲ့သည်။ ထို့ပြင် ဒီဇင် ဘာ ၂၄ ရက်တွင် ရောင်းဈေး ၁၃၇၀ ကျပ်၊ ဝယ် ဈေး ၁၃၆၀ ကျပ်သို့ ဆက်လက်ကျ ဆင်းခဲ့သည်။                                                                                     မယ်သီတာ
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General