အမေရိကန်နိုင်ငံသို့ တင်ပို့မည့် Catfish အပါအဝင် Siluriformes ငါးမျိုးစိတ်များအတွက် လိုက်နာရမည့် စည်းမျဉ်းသတ်မှတ်ချက်များ

အမေရိကန်နိုင်ငံ အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စစ်ဆေးရေးလုပ်ငန်း မှ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း ထုတ်ပြန်ခဲ့သော အမေရိကန်နိုင်ငံသို့ တင်ပို့မည့် Catfish အပါအဝင် Siluriformes ငါးမျိုးစိတ်များနှင့် စပ်လျဉ်းသည့် စည်းမျဉ်းသတ်မှတ်ချက်များသည် ၂၀၁၆ ခုနှစ်၊ မတ်လတွင် စတင်အသက်ဝင်ခဲ့ပြီဖြစ်ပါသည်။

၁-၃-၂၀၁၆ မှ ၁-၉-၂၀၁၇ ရက်နေ့အထိ ကာလသည် transitional implementation period ဖြစ်ပြီး၊ ၄င်းအချိန်ကာလအတွင်း ပြည်ပမှတင်သွင်းလာသည့် Siluriformes ငါးမျိုးစိတ်များအား ပြန်လည်စစ်ဆေးခြင်း၊ တင်းသွင်းလာသော ရေထွက်ကုန်စည်များတွင် ဓါတ်ကြွင်းစစ်ဆေးခြင်းများကို အနည်းဆုံး (၃) လလျှင်တစ်ကြိမ် အမေရိကန်နိုင်ငံတွင် အလျဉ်းသင့်သလို စစ်ဆေးသွားမည်ဖြစ်ပါသည်။

Transitional implementation period ကာလ ပြီးဆုံးပြီးနောက် အမေရိကန်နိုင်ငံသို့ ဆက်လက်တင်ပို့လိုသည့် နိုင်ငံများသည် ယင်းကာလအတွင်း equivalency determination လျှောက်ထားရန် လိုအပ်ပါသည်။ ယင်းသို့ လျှောက်ထားပြီးစီးကြောင်း စာရွက်စာတမ်းများ တင်ပြနိုင်ပါက Food Safety and Inspection Services (FSIS) မှ သက်ဆိုင်ရာလုပ်ငန်းတွင် on-site audit အပါအဝင် လိုအပ်သော equivalency evaluation ဆောင်ရွက်နေစဉ်၌ ကုန်စည်များ ဆက်လက်တင်ပို့ခွင့်ရှိမည် ဖြစ်ပါသည်။

Equivalency evaluation  အဆင့်ရောက်ရှိရန်အတွက် နိုင်ငံများသည် ကိုယ်တိုင်သတင်းပို့မှုစနစ် Self-Reporting Tool (SRT) ဆောင်ရွက်ပြီးစီးရန် လိုအပ်ပြီး၊ (FSIS) သို့ အကြောင်းကြားပေးပို့ရန် လိုအပ်မည်ဖြစ်ပါသည်။ သည် ပြည်ပနိုင်ငံအသီးသီး၏ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေးစစ်ဆေးမှု စနစ်များသည် အမေရိကန်နိုင်ငံတွင်း သတ်မှတ်ကျင့်သုံးလျက်ရှိသည့် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေး စစ်ဆေးမှုအဆင့်သို့ ပြည့်မီရောက်ရှိခြင်း ရှိ-မရှိ ကိုပြသနိုင်မည့် နည်းလမ်းဖြစ်ကြောင်း သိရှိရပါသည်။

ထို့ကြောင့် ယခုအချိန်အထိ မြန်မာနိုင်ငံမှ တင်ပို့ခွင့်ရရှိပြီးဖြစ်သည့် ကုမ္ပဏီ (၂၃) ခု(စားရင်းပူးတွဲလျက်) မှ ၁-၉-၂၀၁၇ နောက်ပိုင်း၌ ဆက်လက်တင်ပို့ခွင့်ရရှိရန် Self-Reporting Tool (SRT) ပါ အကြောင်းအရာများ ဖြည့်စွက်၍ (FSIS) သို့ တင်ပြရမည်ဖြစ်ပါသည်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ Export

ဒေါင်းလုပ်