သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သည့်ကုန်စည်လိုင်းများအနက်မှ ကုန်စည်လိုင်း ၁၅၀ အား ထပ်မံဖြေလျှော့

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သည့်ကုန်စည်လိုင်းများအနက်မှ ကုန်စည်လိုင်း ၁၅၀အား သွင်း ကုန်လိုင်စင်လျှောက်ထားရန် မလိုအပ်သောကုန်စည်လိုင်း အဖြစ် ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာ၂၀ ရက်ရက်စွဲပါ အမိန့်ကြော်ငြာစာ(၈၆။၂၀၁၆) ဖြင့် ထုတ်ပြန်ကြေညာ လိုက်ကြောင်းသိရသည်။ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အားလျော်စွာ WTO ၏ Agreement on Import Licensing Procedures အရ လိုက်လျောညီထွေဖြစ်စေရန်အတွက် လိုင်စင်လျှောက်ထားရန် လိုအပ်သည့် သွင်းကုန်အမယ်စာရင်းများကို မြန်မာနိုင်ငံ၏HS Code 2012 Version အရ စုစုပေါင်းကုန်စည်လိုင်းများ၏ ၄၅ ရာခိုင်နှုန်းဖြစ်သော ကုန်စည် ၄၄၀၅ လိုင်းအားNegative List  အဖြစ် အမိန့်ကြော်ငြာစာ အမှတ် (၆၉ ။၂၀၁၅) နှင့် ဒုတိယအဆင့်ဖြေလျှော့မှု အနေဖြင့် Negative List မှကုန်စည်လိုင်း ၂၆၇ လိုင်းအား လိုင်စင်လျှောက်ထားရန်မလိုသော ကုန်စည် လိုင်းအဖြစ် အမိန့် ကြော်ငြာစာအမှတ်(၆၀။၂၀၁၆)ဖြင့် သတ်မှတ်ထုတ်ပြန်ခဲ့သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမိန့်ကြော်ငြာစာအမှတ် (၆၀။၂၀၁၆)ဖြင့် ထုတ်ပြန်ခဲ့ပြီး သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သော Negative List ကုန်စည်လိုင်း ၄၁၃၈ လိုင်းအနက်မှ ကုန်စည်လိုင်း ၁၅၀ ကို ထပ်မံဖြေလျှော့လိုက်ခြင်းဖြစ်သည်။ အဆိုပါသွင်းကုန်လိုင်စင်လျှောက်ထားရန်မလိုအပ်သော ကုန်စည်လိုင်း ၁၅၀ ၏စာရင်းကို စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သည့် www. commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General