မြန်မာ - တရုတ်နယ်စပ်မှ ပြောင်းတန်ချိန်လေးသောင်းကျော် တင်ပို့

 ဒီဇင်ဘာ ၃ ရက်မှ ၉ ရက်အထိ သီတင်းပတ်အတွင်း မြန်မာ-တရုတ် နယ်စပ် ရှိ မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော် စခန်းသုံးခုမှ အမေရိကန်ဒေါ်လာ ၇ ဒသမ ၈၈၁ သန်းတန်ဖိုးရှိ ပြောင်းတန်ချိန် လေးသောင်းကျော် တင်ပို့နိုင်ခဲ့ပါတယ်။
စခန်းအလိုက် တင်ပို့မှုမှာ မူဆယ်မှ ၃၈၂၃၄ တန်ကျော်၊ လွယ်ဂျယ်မှ ၂၈၅၅ တန်ကျော်နဲ့ ချင်းရွှေဟော်မှ ၃၃၃၃ တန်ခွဲဖြစ်ပါတယ်။ ကန်ပိုက်တီး မှ ယခုတစ် ပတ်ပြောင်းတင်ပို့မှုမရှိပါဘူး။ ယခင်ရက်သတ္တပတ်က အဆိုပါ စခန်းလေးခုပေါင်းမှ ၂၄၉၂၃ တန်ကျော်  တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ် မှာ ပြောင်းတန်ချိန် ၁၉၄၉၉ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
မူဆယ်ကုန်စည်ဒိုင်မှာ နိုဝင်ဘာလကုန်ပိုင်းက ပြောင်းတစ်တန်ကို ၂၉၉၅၂၀ ကျပ်ရှိရာမှ နိုဝင်ဘာ ၉ ရက်မှာ ၂၉၃၃၆၀ ကျပ်သို့ ဈေးကျဆင်း ခဲ့ကြောင်း၊ သယ်ယူ စရိတ်မှာ တစ်ပိဿာ ၁၁၀ -၁၁၅ ကျပ်ရှိပြီး ကားစီးရေ ၁၅၀၃ စီးဝင်ရောက်ခဲ့ကြောင်း မူဆယ်ကုန်စည်ဒိုင်မှ သတင်းရရှိပါတယ်။  
                                                   မော်မော်အောင်

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General