မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်တွင် မော်တော်ဆိုင်ကယ် သွင်းကုန်လိုင်စင်များအား နေ့ချင်းပြီးဆောင်ရွက်

နယ်စပ်ဒေသများရှိ ကုန်သွယ် ရေးစခန်းများတွင် လိုင်စင်ခွင့်ပြု ပေး နိုင်မည့် ပို့ကုန်သွင်းကုန်အမယ်များ တိုးမြှင့်ခွင့်ပြုနိုင်ရန်၊ လက်ရှိခွင့်ပြု အမယ်များအပြင် ထပ်မံတိုးမြှင့်ခွင့် ပြု ပေးနိုင်ရန်နှင့် ကုန်သွယ်ရေး စခန်းများ အနေဖြင့် နိုင်ငံတော်စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကုန်သွယ်မှု ပမာဏ မြင့်မားတိုးတက်အောင် ဆောင် ရွက်ရန်တို့အပြင် ကုန်သွယ်မှုမှာ ပါဝင်နေသော ဆက်စပ်ဌာနများအနေ ဖြင့် တက်ညီလက်ညီ ဆောင်ရွက်နိုင် ရန်၊ ကုန်သွယ်မှု လျင်မြန်ချောမွေ့စေ ရန်အတွက် လက်ရှိခွင့်ပြုပေးနေသည့် ပစ္စည်းများ အပြင် သတ်မှတ် လုပ်ထုံး လုပ်နည်းများနှင့် ကိုက်ညီသော ပို့ကုန် သွင်းကုန် အမယ်များအား စိစစ်၍ စခန်းတာဝန်ခံများ၏ ခွင့်ပြုချက်များ ဖြင့် လိုင်စင်ခွင့်ပြု ထုတ်ပေးနိုင်ကြောင်း၊ ညွှန်ကြားထားချက်အရ တင်သွင်းခွင့် လျှောက်ထားမှုများကို လက်ခံစိစစ်ပြီး လိုင်စင်များ ထုတ်ပေးလျက် ရှိပါသည်။
နယ်စပ်ဒေသများရှိ အသေးစား လုပ်ငန်းရှင်များအား တရားဝင် ကုန် သွယ်မှု ဆောင်ရွက်လာစေရန် အားပေး သည့်အနေဖြင့်လည်း ပြည်တွင်း ဝယ် လိုအားရှိသည့် မော်တော်ဆိုင်ကယ် တင်သွင်းမှုနှင့် ပတ်သက်ပြီး တစ်ဖက် နိုင်ငံမှ  မော်တော်ဆိုင်ကယ်  တရား မဝင် သယ်ယူနေမှုများရှိနေ၍ တရား ဝင်လမ်းကြောင်းမှ ဆောင်ရွက်လာနိုင် စေရန်(ITC) ) မှတ်ပုံတင်ကတ်ဖြင့် တင်သွင်းခွင့်ကို ဖြေလျော့ခဲ့ပြီးဖြစ်ရာ ဒေသအတွင်း  လုပ်သာကိုင်သာနှင့် တရားဝင် လမ်းပေါ်မှ ကုန်သွယ်မှုပြုကြ ပါက နိုင်ငံတော်အခွန် တိုးလာမည် ဖြစ် သလို VOT လည်း တိုးလာမှာဖြစ်ပြီး လူတန်းစားအလွှာ အသီးသီး၏ ရပ် တည်မှုများ၊ လူမှုဘဝများပါ တိုးတက် လာမှာ ဖြစ်ပါသည်။
ထို့အပြင် ဓာတ်မြေသြဇာ အမျိုး မျိုး၊ အပင်အမျိုးမျိုး၊ မျိုးစေ့များ၊ ပိုးသတ်ဆေးများအတွက်  သက်ဆိုင်ရာ ဌာန၏ ထောက်ခံချက်များ ပါရှိခြင်း ရှိ^မရှိ၊ စားသောက်ကုန် (အချိုမှုန့်၊ အချိုရည်၊ မုန့်မျိုးစုံ) များအား အစား အသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီး ဌာန (FDA) ၏ထောက်ခံချက်များ ပါရှိခြင်းရှိ^မရှိ၊ ဘိလပ်မြေများ တင် သွင်းရာတွင်လည်း သတ်မှတ်အချိုး၊ ခွင့်ပြုဈေးနှုန်းများ၊ အင်ဂျင်ဝိုင်အမျိုးမျိုး တင်သွင်းမှုတွင် စွမ်းအင်ဝန်ကြီးဌာနက ခွင့်ပြုသည့် ကုန်အမှတ် တံဆိပ် စသည် တို့ ကိုက်ညီမှုရှိ^မရှိ စိစစ်ခြင်း ပြုလုပ် ပြီး စခန်းတာဝန်ခံ၏ ခွင့်ပြုချက်ဖြင့် လိုင်စင်ခွင့်ပြုပေးခြင်းကို ဆောင်ရွက် ပေးလျက် ရှိပါသည်။ ဒေါ်လာ ၁၀ဝ၀ နှင့်အထက် လုပ်ငန်းခွင်သုံး စက်ပစ္စည်း များကိုလည်း ဒေါ်လာ ၁၅၀ဝ အထိ တိုး မြှင့်ခွင့် ပြုပေးလျက်ရှိပြီး လုပ်ထုံး လုပ်နည်း ကိုက်ညီမှုရှိပါက EICC သို့ တင်ပြ၍ နယ်စခန်းများမှ လိုင်စင်ခွင့်ပြု ပေးခြင်းကို ဆက်လက် ဆောင်ရွက် ပေးလျက် ရှိပါသည်။ ရုံးချုပ်၏ ညွှန် ကြားချက်အရ ၂၀၁၆ ခုနှစ် အောက်တို ဘာ ၁၈ ရက်မှစ၍ မော်တော်ဆိုင်ကယ် တင်သွင်းခွင့် လျှောက်ထားမှုများကို အတည်ပြု ခွင့်ပြုဈေးနှုန်းများဖြင့် စိစစ်၍ လုပ်ထုံးလုပ်နည်း ကိုက်ညီမှု ရှိပါက ရုံးချုပ် EICC သို့ တင်ပြ၍ စခန်း မှ လိုင်စင် ခွင့်ပြုထုတ်ပေးခဲ့ပါသည်။
ဆက်လက်၍ သက်ဆိုင်ရာစခန်း အသီးသီးမှ မော်တော် ဆိုင်ကယ် တင် သွင်းရာတွင် နယ်စခန်းများမှ အပတ် စဉ် ကျင်းပပြုလုပ်သည့် ဈေးနှုန်း အစည်းအဝေးများမှ ဈေးနှုန်းစုံစမ်း စိစစ်၍ အတည်ပြုသတ်မှတ် ဈေးနှုန်း များအရ လိုင်စင်ခွင့်ပြုပေးလျက်ရှိရာ လုပ်ငန်းပိုမိုမြန်ဆန်မှု ရှိစေရေးအတွက် နယ်စခန်းများမှ မော်တော် ဆိုင်ကယ် တင်သွင်းခြင်းအား ရုံးချုပ်သို့ တင်ပြ ခြင်းမပြုတော့ဘဲ သက်ဆိုင်ရာစခန်း တာဝန်ခံက တာဝန်ယူစိစစ်၍ သွင်း ကုန်လိုင်စင် ခွင့်ပြုပေးသွားရန်၊ အလား တူ ရုံးချုပ်နှင့် ရန်ကုန်ပို့ကုန်^ သွင်းကုန် ရုံးတို့တွင်လည်း မော်တော်ဆိုင်ကယ် တင်သွင်းခွင့် လိုင်စင် လျှောက်ထားလာ ပါက အတည်ပြုဈေးနှုန်းများဖြင့် တစ်ပြေး ညီ သွင်းကုန်လိုင်စင် ခွင့်ပြုပေးသွားရန် ဒီဇင်ဘာ ၅ ရက်က ထပ်မံ ညွှန်ကြားလာ သဖြင့် မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေး ဇုန်တွင် မော်တော်ဆိုင်ကယ် တင်သွင်း ခွင့် လျှောက်ထားလာပါက လက်ခံ စိစစ်ပြီး နေ့ချင်းပြီး သွင်းကုန်လိုင်စင် များ ခွင့်ပြုထုတ်ပေးလျက် ရှိကြောင်း သိရှိရပါသည်။  ခင်ကလျာဦး (မူဆယ်)

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General