ချင်းရင့်ချိန်ဖြစ်လို့ ပြည်ချင်းဈေးကွက် လှောင်လက်တို့ အဝယ်သွက်

ယခုအချိန်ဟာ အောင်ပန်းချင်းများ အရင့်ဆုံးအချိန်ဖြစ်ပြီး သို လှောင်အထားခံတဲ့အတွက် ပြည်ချင်းဈေးကွက်ရှိ ချင်းရောင်းဝယ် သူများအနေနဲ့ ပိုမိုမှာယူခြင်းေ ကြာင့်အဝင်လည်းများလာတာ တွေ့ရ ပါတယ်။ ယခင်က တစေ် န့ကိုပိဿာချိန် ၃၀ ဝင် အိတ် ၁၅၀ ခန့် အထိသာဝင်ပြီး ယခုတစ်ပတ်မှာ အိတ် ၃၀ဝ အ ထိအဝင်ရှိလာတယ်လို့ သိရပါတယ်။ပြည်ဈေးကွက်မှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီးနဲ့ရခိုင် ပြည်နယ်ဘက်သို့ စားသုံးမှုအဖြစ် ယခုတစ်ပတ် အတွင်း ပိဿာ ချိန် ၂၀ဝခန့် တင်ပို့ကြောင်းသိရပါတယ်။ ချင်းဈေးမှာ ယခင်တစ်ပတ်အတိုင်း လက်ကားဈေး ကျပ် ၄၀ဝ၊ ကျပ်၅၀ဝ၊ လက်လီဈေးတစ်ပိဿာ ကျပ် ၆၀ဝ၊ ကျပ် ၉၀ဝ ဖြင့် ပုံမှန် ဈေးရှိကြောင်းသိရပါတယ်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General