ပြည်ကြက်သွန်ဖြူဈေးကွက် ဈေးဆက်တက်ရိပ်ရှိ

ပြည်ကြက်သွန်ပွဲရုံများတွင် ကြက်သွန်ဖြူအိတ်တွေ ပုံမှန်ဝင်ရောက်နေပါ တယ်။ ဈေးနှုန်းကလည်း တစ်ပတ်နဲ့တစ်ပတ် မတူအောင် ဈေးဆက်တက်နေတာ တွေ့ရပါတယ်။ ဒေါ်လာ၊ ယွမ် စသည့်ငွေကြေးတွေကလည်း အမြင့်မှာ ပေါက်ဈေး ဖြစ်နေပါတယ်။ လမ်းပန်းဆက်သွယ်ရေးအနေဖြင့်လည်း ယခင်လို ချောမွေ့မှုသိပ် မရှိဘူးလို့လည်းသိရပါတယ်။ ကြက်သွန်ဖြူဈေးက တရုတ်ပြည်ဘက်မှာသာ ဈေးမြင့်တက်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။ ယခုတစ်ပတ် ပြည်ပွဲရုံဈေး ကြက်သွန်ဖြူ တစ်ပိဿာလျှင် (ရှမ်းစ) အလတ်စ၊ ထိပ်စအနေနှင့် ကျပ် ၅၂၀ဝ မှ ၅၅၀ဝ ထိရှိပြီး၊ (ကြူကုတ်) အလတ်စ ကျပ် ၅၂၀ဝ ဈေးဖြစ်လျက်ရှိနေပါတယ်။ လက်လီဈေးမှာ (ရှမ်းစ) ကျပ် ၅၆၀ဝ နှင့် (ကြူကုတ်) တစ်ပိဿာ ကျပ် ၅၈၀ဝ ထိ ရောင်းဝယ်လျက်ရှိပါတယ်။ ယခုတစ်ပတ် ပြည်ဈေးကွက်တွင် ရှမ်းမွှာကဲ့သို့ တရုတ် နိုင်ငံမှာစိုက်တဲ့ ကြက်သွန်ဖြူလည်း တစ်ပိဿာ (ပွဲရုံ) ကျပ် ၄၅၀ဝ နှင့် (လက်လီ) ကျပ် ၅၀ဝ၀ ဈေးဖြင့် ဈေးကွက်ဝင်လာတာတွေ့ရပါတယ်။ ဈေးအနည်းငယ်သက်သာ ပြီး အရည်အသွေးကောင်းလာတာလည်း တွေ့ရပါတယ်။                        နီနီဝင်း
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ SPS