မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ချင်းခြောက်တင်ပို့

မြန်မာ-တရုတ်နယ်စပ်ရှိ   မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ နိုဝင်ဘာ ၁၉ရက်မှ ၂၅ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၂၉၀ဝ တန်ဖိုးရှိ ချင်းခြောက် ၁၂ တန် တင်ပို့နိုင်ခဲ့ပါတယ်။ နိုဝင်ဘာပထမပတ်ကလည်း ၁၂ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ချင်းခြောက်တစ်တန်ကို မိမိ ဘက်ပေါက်ဈေး ၁၄၂၄၃၇၅ကျပ်ခန့် ရှိတယ်လို့သိရပါတယ်။      မော်မော်အောင်
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General