ရှမ်းကြက်သွန်ဖြူ အဝယ်လိုက်

ရှမ်းကြက်သွန်ဖြူကို  သီတင်းကျွတ်မှာစတင် စိုက်ပျိုးပြီး၊ တန်ဆောင်မုန်းလမှာ အပြီးစိုက်ပျိုးကြပါတယ်။ ဒီနှစ်မှာ ကြက်သွန်ဖြူက အရောင်းအဝယ် ကောင်းလာပါတယ်။ လဲချားကထွက်တဲ့ ခရမ်းစွဲကြက်သွန်တွေကို ထိုင်းနိုင်ငံက အဝယ်များ လာတာကြောင့် စောစောစီးစီးပဲ ဈေးကွက်မှာ ကုန်သွားတာကြောင့် ရှမ်းကြက်သွန်ဖြူတွေကို အဝယ်လိုက်လာတဲ့အတွက် အရောင်းသွက်လာတယ်လို့ သိရပါတယ်။
 ပြီးခဲ့တဲ့လတွေကတော့ ကြက်သွန်ဖြူကို  ပြန်စိုက်ဖို့အတွက် မျိုးအဖြစ်ပြန်လည်ဝယ်ယူကြတာရယ်၊ စိုက်ပျိုးနေကြတာ ရယ်ကြောင့် ဈေးကွက်မှာ လက်ကျန်နည်းသွားတယ်လို့လည်း သိရပါတယ်။ ဒီတစ်ပတ်တော့ စိုက်ပျိုးပြီးလို့ ပိုတဲ့ကြက်သွန် တွေကိုပြန်ပြီးထုတ်ရောင်းကြလို့ အဝင်တော့များလာပါတယ်။ ရှမ် းကြက်သွန်ဖြူတွေကို ကျိုင်းတုံဝယ်လက်က အဝယ်နားနေ ပေမယ့် ရန်ကုန်၊ မန္တလေး၊ တပ်ကုန်း၊ မော်လမြိုင် စတဲ့မြို့တွေက အဝယ်ရှိနေတာကြောင့် တစ်ပတ်အတွင်းမှာ ပိဿာချိန် ၃ဒသမ ၉ သိန်းအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။
ကြက်သွန်ဖြူအသစ်တွေကတော့ လာမည့် မတ်လမှစပြီး ပေါ်မှာဖြစ်ပါတယ်၊ ဒီတစ်ပတ်တောင်ကြီးဈေးကွက်မှာ ကြက် သွန်ဖြူ တစ်ပိဿာပေါက်ဈေးက (လတ်ခြား) ကျပ် ၃၃၀ဝ၊ (ထူး-၁) ကျပ် ၃၆၀ဝ၊ (ထူး-၂) ကျပ် ၄၀ဝဝ၊ (ထူး -၃) ကျပ် ၄၃၀ဝ၊ နဲ့ (ထူး-၄) ကျပ် ၄၆၀ဝ ဈေးရှိပါတယ်။
အောင်ပန်းဈေးကွက်မှာတော့ ကြက်သွန်ဖြူ  အဝင်နည်းသလို လက်ကျန်လည်းနည်းနေပြီး၊ အဝယ်လိုက် နေလို့ဈေးက ဆက်တိုက်တက်နေပါတယ်၊ အောင်ပန်းဈေးကွက်မှာ ကြက်သွန်ဖြူတစ်ပိဿာပေါက်ဈေးက (လတ်ခြား) ကျပ် ၃၁၀ဝ၊ (ရှယ်) ကျပ် ၃၅၀ဝ၊ (ထူး- ၁) ကျပ် ၃၈၀ဝ၊ (ထူး-၂) ကျပ် ၄၂၀ဝ၊ (ထူး- ၃) ကျပ် ၄၈၀ဝ၊ (ထူး- ၄) ကျပ်၅၂၀ဝ ဈေးရှိတယ်လို့  သိရှိရပါ တယ်။                                                     ဧခိုင် (တောင်ကြီး)  
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General