တရုတ်နိုင်ငံသို့ပရဆေးကုန်ကြမ်း အမယ်ခုနစ်မျိုးတင်ပို့

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက်အထိ သီတင်းပတ်အတွင်းအမေရိကန် ဒေါ်လာ သုညဒသမ ၃၂၆ သန်းတန်ဖိုး ရှိ ပရဆေးကုန်ကြမ်းအမယ် ခုနစ်မျိုး ကို တန်ချိန်အားဖြင့် တန် ၁၄၀ ခန့် တင်ပို့နိုင်ခဲ့ပါတယ်။
တင်ပို့ခဲ့တဲ့ ပရဆေး အမယ်တွေ က ချင်းခြောက်၊ ဝဥခြောက်၊ ကွမ်း သီးခွံ၊ ဆီးဆန်၊ ဆီးသီးခြောက်၊ချဉ်ပေါင် ဖာလာ (အခွံပါ) နဲ့ မိကျောင်းကွမ်းဖတ် စေ့တို့ဖြစ်ပါတယ်။ ၁၂ ရက်မှ ၁၈ ရက် သီတင်းပတ်က တန်ငါးရာကျော် တင် ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ် ပရဆေး တင်ပို့မှုက တန်သုံးရာကျော်ခန့် လျော့ နည်းခဲ့ပါတယ်။ နယ်မြေအခြေအနေ ကြောင့် ကုန်သွယ်မှုများ ယခုလိုလျော့ နည်းရတာလို့ စခန်းမှ သတင်းရရှိပါ တယ်။              မော်မော်အောင်         
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General