ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံနိုင်မည့်Business Matching ပြုလုပ်မည်

ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံနိုင်မည့် Business Matching    ကို ဖေဖော်ဝါရီ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ရန်ကုန်မြို့ရှိ  ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ယင်းအစီအစဉ်ကို စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ ကုန်သည်စက်မှုအသင်းချုပ်နှင့် Japan Myanmar Association (JMA)  တို့ပူးပေါင်း၍ ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များတွေ့ဆုံရန် စီစဉ်ခြင်းဖြစ်ကြောင်း UMFCCI  ၏ သတင်းထုတ်ပြန် ချက်များအရ သိရသည်။
အဆိုပါ Business Matching သို့ အမြဲတမ်းလုပ်သားဦးရေ ၁၀ဝ ထက်မနည်း သော ထုတ်လုပ်မှုလုပ်ငန်း အမျိုးအစားများကို လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များ၊ ပို့ကုန်တင်ပို့ရန် စိတ်ပါဝင်စားသောလုပ်ငန်းရှင်များ၊ လျှပ်စစ်ပစ္စည်းများ၊ ဆောက် လုပ်ရေးနှင့် သက်ဆိုင်သော ပစ္စည်းကိရိယာထုတ်လုပ်မှုလုပ်ငန်းများ၊ စက်ပစ္စည်း အမျိုးမျိုးထုတ်လုပ်သည့် လုပ်ငန်းများကို ဦးစားပေးဖိတ်ခေါ်ထားကြောင်း သိရ သည်။
စိတ်ပါဝင်စားသည့် မြန်မာလုပ်ငန်းရှင်များအနေဖြင့် ကုမ္ပဏီအချက်အလက် များကို ပြည့်စုံစွာဖြည့်စွက်၍ UMFCCI  တွင် သွားရောက်လျှောက်ထားနိုင် ကြောင်း သိရသည်။
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General