ငွေလဲနှုန်းများ အမြင့်ဆုံးဈေးအဖြစ် ကျပ် ၁၃၆၂အထိ ရောက်ရှိရာမှ ပြန်လည်ကျဆင်း

ယခုတစ်ပတ်အတွင်း ပြည်တွင်းငွေလဲနှုန်းများသည်အမြင့်ဆုံးဈေးအဖြစ် ၁၃၆၂ ကျပ်အထိ ရောက်ရှိခဲ့ပြီး ပြန်လည်ကျဆင်းလာခဲ့ကြောင်း ဈေးကွက်အတွင်း မှသိရသည်။ ငွေလဲနှုန်းများ မြင့်တက်နေသော်လည်း ဈေးကွက်အတွင်း အရောင်း အဝယ်များ မရှိသလောက်အေးနေကြောင်း၊ ပုဂ္ဂလိကဘဏ်များတွင် ပြင်ပငွေလဲ စင်တာများအောက်ဈေးထက် လျော့နည်းနေသော်လည်း အရောင်းအဝယ်များကို ပိတ်ထားကြောင်း၊ ဗဟိုဘဏ်ကလည်း ၎င်း၏ရည်ညွှန်းငွေလဲနှုန်းကို ၁၃၀၅ ကျပ် သတ်မှတ်ထားကြောင်း ငွေလဲစင်တာတွင် ရောင်းဝယ်နေသူတစ်ဦးက ပြောကြား ခဲ့သည်။
]]ငွေကြေးဈေးကွက်ကို ဗဟိုဘဏ်ကထိန်းဖို့လိုပါတယ်။ ဗဟိုဘဏ်ကမထိန်း ဘဲနဲ့လွှတ်ထားရင် ဈေးက ဆက်တိုက်မြင့်တက်လာဦးမှာ။ ဗဟိုဘဏ်က ထိန်းမယ် လို့ သတင်းကြားလိုက်တာနဲ့ ဈေးကပြန်ကျလာတယ်။ ဒါကိုကြည့်လိုက်ရင် ဈေး ကစားနေတယ်ဆိုတာ သေချာသလောက်ပါပဲ။ ဒါကိုထိန်းထားနိုင်ဖို့ လိုပါတယ်။ မဟုတ်ရင် ဈေးကအခုလိုပဲ တက်လိုက်ကျလိုက်နဲ့ မငြိမ်မသက်ဖြစ်နေမှာပဲ}}ဟု ငွေလဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ဆိုသည်။
ပြည်တွင်းငွေလဲစင်တာများတွင် နိုဝင်ဘာ ၂၈ ရက်က အမေရိကန်တစ်ဒေါ်လာ လျှင် ရောင်းဈေး ၁၃၄၆ ကျပ်၊ ဝယ်ဈေး ၁၃၄၃ ကျပ်ရှိခဲ့သော်လည်း နိုဝင်ဘာ  ၃၀ ရက်နံနက်ပိုင်းတွင် ရောင်းဈေး ၁၃၅၈ ကျပ်၊ ဝယ်ဈေး ၁၃၅၃ ကျပ်ရှိခဲ့ပြီး ညနေပိုင်းတွင်ရောင်း ဈေး ၁၃၆၂ကျပ်၊ ဝယ်ဈေး ၁၃၅၇ ကျပ်ရှိခဲ့သည်။ သို့သော် ဒီဇင်ဘာ ၂ ရက်တွင် ပြန်လည်ကျဆင်းလာခဲ့ပြီး ရောင်းဈေး ၁၃၅၂ ကျပ်၊ ဝယ် ဈေး ၁၃၄၇ ကျပ်ရှိခဲ့သည်။       
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General