စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ငါးနီတူခြောက်နဲ့ ငါးစုံလေးခြောက်များ တင်ပို့

စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နိုဝင်ဘာ ၁၉ရက်မှ ၂၅ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ သုညဒသမ ဝဝ၈သန်း တန်ဖိုး ရှိ ငါးနီတူခြောက် (ခေါင်းပါ) ၅တန်နဲ့ အမေရိကန်ဒေါ်လာ သုညဒသမ ဝဝ၆သန်း တန်ဖိုးရှိ ငါးစုံလေးခြောက် ၁၀တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ငါးနီတူ ခြောက်နဲ့ ငါးစုံလေးခြောက်ကို ၁၂တန် တင်ပို့ ခဲ့တာမို့ ယခုတစ်ပတ်မှာ သုံးတန်ခန့် ပိုမိုတင်ပို့တာ တွေ့ရပါတယ်။ ယခု သီတင်းပတ်မှာတော့ ရေချိုငါးမြစ်ချင်း တင်ပို့နိုင်မှု မရှိဘူးလို့ သိရပါတယ်။
စစ်တွေကုန်သွယ်ရေးစခန်းမှ ငါးနီတူခြောက်နဲ့ ငါးစုံလေးခြောက်တို့ အပြင် အမေရိကန်ဒေါ်လာ သုညဒသမ ဝ၂၁သန်း တန်ဖိုးရှိ မန်ကျည်းစေ့၊ ဆီးယိုထုတ်၊ ဆီးဖတ်၊ သစ်ခေါက်တို့ကိုလည်း တင်ပို့နိုင်တယ်လို့ သတင်း ရရှိ ပါတယ်။                        ခင်မိုးသူ
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General