ရေလမ်းရော နယ်စပ်လမ်းမှ နို့ဆီ/နို့စိမ်းဝင်

နိုဝင်ဘာ ၁၃ ရက်မှ ၁၉ ရက်အထိသီတင်းပတ်အတွင်း  စင်ကာပူနိုင်ငံမှ ကန်ဒေါ်လာ ၃၃၄၈၅၅ တန်ဖိုးရှိ နို့ဆီ ၂၇၃ ဒသမ ၂၄ တန်ကို ပင်လယ်ရေကြောင်း  ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဒွန်းနို့ဆီတစ်မျိုးတည်းသာ ဝင်လာခဲ့တယ်လို့သိရပါတယ်။ ယခင်သီတင်းပတ် နို့ဆီအဝင် ၂၄၈ တန်ကျော်နဲ့ နှိုင်းယှဉ်ရင်၂၄ တန်ကျော်ပိုမိုတင်သွင်းခဲ့တယ်လို့သိရပါတယ်။
ဒီတစ်ပတ်   မလေးရှားနိုင်ငံမှကန်ဒေါ်လာ ၁၇၅၄၁ တန်ဖိုးရှိ  နို့မှုန့်၁၂ ဒသမ ၃၉၃ တန်တင်သွင်းခဲ့တယ်လို့သိရပါတယ်။ ယခင်သီတင်းပတ်မှာလည်း ၁၁ တန်ကျော်တင်သွင်းခဲ့တာကြောင့်  ဒီတစ်ပတ်မှာလည်း ပုံမှန်လေးတင်သွင်းတယ်လို့သာရှိတယ်လို့ ဆိုရပါမယ်။နယ်စပ်စခန်းဖြစ်တဲ့ မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁၆၆၁၄တန်ဖိုးရှိ နို့ဆီ ၁၈တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General