နိုဝင်ဘာတတိယပတ်အတွင်း ပြည်ပဲမျိုးစုံဈေးကွက်မှာ ကုလားပဲနှင့်မတ်ပဲမျု ိးပဲများအဝယ်ရှိခဲ့ပြီး ကုလားပဲဈေးကောင်းရလျက်ရ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံဈေးကွက်အတွင်း နိုဝင်ဘာတတိယပတ်မှာ ပြည်ပဝယ်လက်ပဲစင်းငုံနဲ့ မတ်ပဲ ဈေးဆက်ငြိမ်နေပြီး  ကုလားပဲဈေးဆက်လက်မြင့်တက်ခဲ့ကာ    ဒေသတွင်းဝယ်လက်ပဲများဖြစ်သော ပဲကြီး၊ ပဲပုပ်၊ စားတော်ပဲ၊ထောပတ်ပဲစတဲ့ပဲများလည်း ဈေးငြိမ်ခဲ့တာကို တွေ့ရပါတယ်။ပဲတီစိမ်းသီးနှံကတော့  အရောင်းအဝယ်သွက်နေခဲ့လို့ ဝင်ရောက်လာသမျှ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါတယ်။
မတ်ပဲသီးနှံမှာပဲအဝင်မရှိသလောက်ဖြစ်ခဲ့ပြီးလက်ကျန်ပဲများအားရန်ကုန်ဝယ်လက်ဝယ်ယူတဲ့အခြေအနေအရရက်ခြားရောင်းဝယ်ခဲ့ကြကြောင်းသိရပါတယ်။ယခုရက်ပိုင်းမှာ မတ်ပဲ ပြန်လည်စိုက်ပျိုးမယ့် နေရာအချို့မှမျိုးပဲများပြန်လည်ဝယ်ယူလာတာကို တွေ့ရပြီး  မျိုးပဲများ တစ်ရက်အိတ် ၂၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့ကာ မျိုးပဲဈေး တစ်တင်း ကျပ် ၄၂၅၀ဝ၊ ရန်ကုန်ဝယ်လက်ဈေးတစ်တင်း ကျပ် ၄၀ဝဝဝ ဖြင့်  ယခင်တစ်ပတ်ကဈေးအတိုင်းသာ ဈေးငြိမ်နေခဲ့ပါတယ်။ ယခင်နှစ်က နိုဝင်ဘာလအတွင်း မတ်ပဲဈေးနှုန်းမှာ တစ်တင်းကျပ် ခုနစ်သောင်းကျော်အထိ စံချိန်တင် မြင့်တက်ခဲ ့တဲ ့အတွက် ယခုနှစ်ဈေးကတော့ ယခင်နှစ်ရဲ့ဈေးထက်ဝက်နီးပါးလောက်ကို လျော့နည်းခဲ့လို့လှောင်လက်သမားများ အခုအချိန်အထိ ထုတ်မရောင်းသေးဘူးလို့ သိရပါတယ်။ပဲစင်းငုံသီးနှံကလည်း လက်ကျန်ပဲအနည်းငယ်သာရှိခဲ့တဲ့အတွက် တစ်ခါတစ်ရံမှသာ ရန်ကုန်ဝယ်လက်ဝယ်ယူတဲ့ အခြေအနေအရ   အိတ် ၂၀ဝကျော်ရောင်းချနိုင်ခဲ့ပြီး ပဲဈေးမှာလည်း အကျဈေးအတိုင်း တစ်တင်းကျပ် ၂၈၅၀ဝ နှင့် ကျပ် ၂၉၀ဝဝကြားရရှိခဲ့ပါတယ်။ ပဲစင်းငုံသီးနှံဈေးဟာ နိုဝင်ဘာလဆန်းရက်က  တစ်တင်းကျပ် သုံးသောင်းကျော်ရရှိနေပေမယ့် ဒုတိယပတ်မှစ၍ ပဲဈေးနှုန်း တဖြည်းဖြည်း    ကျဆင်းလာခဲ့တဲ့အတွက်    တစ်တင်းကျပ်၂၈၅၀ဝ ခန့်ဖြင့် ယခုအချိန်အထိဈေးငြိမ်နေလို့မတ်ပဲဈေးထက် ဈေးလျော့နေသလို ပဲတီစိမ်းဈေးနှင့် ဈေးပြိုင်နီးပါးရရှိခဲ့ပါတယ်။ယခုနှစ်အတွင်း ပဲလက်ကျန်များကို   ယခုအချိန်အထိ
ရောင်းချနေခဲ့ရပေမယ့် ယခင်နှစ် ကာလတူကပဲလက်ကျန်မရှိ တော့တဲ့အတွက်  ဈေးကွက်မှာအရောင်းအဝယ် မဖြစ်ခဲ့ဘဲ ဒီဇင်ဘာလလယ်မှသာပဲသစ်များစတင် ဝင်ရောက်လာလို့  ပြန်လည်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ကုလားပဲသီးနှံမှာ   ပဲဈေးကွက်အတွင်းပြည်ပဝယ်လက်ပဲများထက်ပင် ဈေးကောင်းရနေလို့ ဈေးအမြင့်ဆုံးရလျက်ရှိ နေခဲ့ပါတယ်။မျိုးပဲများလည်း အဝယ်လိုက်လာသလို ဒေသတွင်းခွဲစက်သမားများလည်း ပုံမှန်အဝယ်ရှိနေပြီးပဲဈေးမှာတစ်တင်းကျပ် ၄၇၅၀ဝ ဖြင့်  ယခင်တစ်ပတ်ကထက်တစ်တင်း ကျပ်နှစ်ထောင်ကျော်ခန့် ဈေးထပ်မြင့်တက်လာခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှုပမာဏအနေဖြင့် ခွဲစက်သမားများက တစ်ရက်အိတ် ၁၅၀ကျော် ၂၀ဝ ခန့်နှင့် မျိုးပဲဝယ်ယူမှုအိတ် ၂၀ ကျော်ရောင်းချခဲ့ကြပြီး မျိုးပဲအား ပေါင်းတလည်၊ ပေါက်ခေါင်း၊ ပန်းတောင်းမြို့နယ်များမှ ဝယ်ယူကြတယ်လို့လည်း သိရပါတယ်။ပဲကြီးသီးနှံကတော့ လက်ကျန်ပဲများကို
ပဲကြော်ဖိုသမားများက အဝယ်ရှိတဲ့အတွက် ပုံမှန်ရောင်းချမှုရှိခဲ့ကာ ရွှေကျွန်းထက် ကမ်းနားပဲကပိုမို အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ပဲဈေးမှာ ဈေးဆက်ငြိမ်နေတဲ့အတွက် ရွှေကျွန်းတစ် တင်း  ကျပ် ၂၆၀ဝဝ ဖြင့် အိတ် ၁၀ဝ မှ ၁၅၀ကျော် ရောင်းချရသလို ကမ်းနားပဲကြီးက တစ်တင်းကို ကျပ် ၂၂၅၀ဝ ဖြင့်  အိတ် ၂၀ဝ မှ ၂၅၀ ကျော်ရောင်းချခဲ့ကြောင်း သိရပါတယ်။ ယခင်နှစ်ကပဲကြီးဈေးနှုန်းမှာ ကျပ်သုံးသောင်းကျော်ရရှိခဲ့လို့ကုလားပဲဈေးနှင့် သိပ်ကွာခြားမှုမဖြစ်ခဲ့ပေမယ့်ယခုနှစ်မှာတော့ ပဲကြီးဈေးအေးခဲ့တဲ့အတွက်ယခင်နှစ်ကရရှိခဲ့တဲ့ ဈေးကိုမမီသလို ကုလားပဲဈေးနဲ့လည်း ထက်ဝက်နီးပါး ကွာခြားနေခဲ့ပါတယ်။
ပဲပုပ်သီးနှံနှင့်ထောပတ်ပဲ၊ စားတော်ပဲသီးနှံများမှာ လက်လီသာ  အရောင်းအဝယ်ဖြစ်ခဲ့ကြပြီးဈေးနှုန်းများမှာလည်း ယခင်တစ်ပတ်အတိုင်းဈေးဆက်ငြိမ်နေကြတာကြောင့်    ပဲပုပ်တစ်တင်းကျပ်၂၂၀ဝဝ၊ ထောပတ်ပဲတစ်တင်း ကျပ် ၁၃၅၀ဝ၊စား တော်ပဲတစ်တင်းကျပ်၃၈၅၀ဝဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာနေ့စဉ်အိတ်အနည်းငယ်လက်လီအဝယ်ရှိခဲ့ကြပါတယ်။လက်လီအရောင်းအဝယ်ဖြစ်ခဲ့တဲ့ အဆိုပါပဲများအနက် စားတော်ပဲသီးနှံကဈေးအမြင့်ဆုံးဖြစ်ခဲ့ပြီး ထောပတ်ပဲသီးနှံမှာ ဈေးအနိမ့်ဆုံးရခဲ့တာကို တွေ့ရပါတယ်ဒါကြောင့် ပြည်ပဲမျိုးစုံဈေးကွက်အတွင်းကုလားပဲသီးနှံက ဈေးအမြင့်ဆုံးရခဲ့ကာ   မတ်ပဲသီးနှံမှာ ကုလားပဲထက်ဈေး လျော့နည်းခဲ့ပြီး  ပဲစင်း
ငုံနဲ့ ပဲတီစိမ်းသီးနှံများမှာ  ကျပ်သုံးသောင်းအောက်ဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။  အရောင်းအဝယ်ဖြစ်မှု ပမာဏအရ   ပဲတီစိမ်းအရောင်းအဝယ်သွက်ခဲ့ပြီးကျန်ပဲများပုံမှန်ရောင်းဝယ်မှုရှိခဲ့သလိုအရောင်းအဝယ်အေးတဲ့ ပဲများလည်းရှိခဲ့ကြောင်း  လေ့လာသိရှိရပါတယ်။  ခင်ဆွေဝင်း

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General