ကောက်စော ဆန်/ စပါး နယ်တင်ပို့လျက်ရှိပြီးပြည်တောင်ပျံမွှေး စပါးသစ် စတင်ပေါ်ထွက်

ပြည် ဆန်၊ စပါး ရောင်းဝယ်ရေးတွင် စပါးရော ဆန်များပါ အရောင်းအဝယ်ဖြစ်နေတာ သိရပါတယ်။ တောင်ပျံမွှေးစပါးဈေး(အဟောင်း)ဈေးမြောက်လာပြီး  ရန်ကုန်မှ ဆန်အိတ်များအဆွဲ (ဝယ်လက်) ရှိကြောင်းလည်း သိရပါတယ်။ ကောက်စော တောင်ပျံမွှေး စပါးလည်း စတင်ပေါ်ထွက်နေတာ သိရပါတယ်။(ဆန်ချော)ပြည်တောင်ပျံမွှေးစပါးဈေးအတော်ကြာငြိမ်နေပြီး ယခုနိုဝင်ဘာ (စတုတ္ထပတ်)အတွင်းမှာ အဟောင်းစပါးဈေး မြင့်တက်လာခြင်းဖြစ်ပါတယ်။ဧည့်မထ မိုးစပါး (ဟောင်း) များ  လက်ကျန်မရှိတော့ဘဲ၊မိုးစပါး(သစ်) များသာ   စပါးအရည်အသွေးပေါ် မူတည်ပြီးဈေးနှုန်းအနည်းငယ်ကွာခြားမှု ရှိနေပါတယ်။
နိုဝင်ဘာ (စတုတ္ထပတ်) တွင် ရောင်းဝယ်လျက်ရှိ သည့်စပါးဈေးနှုန်းများမှာ တောင်ပျံမွှေး (စပါးဟောင်း) တင်း ၁၀ဝ(၄၆ ပေါင်ကိုက်) ဈေးနှုန်း ကျပ် ၈၂၈၀ဝဝ၊ တောင်ပျံမွှေး(စပါးသစ်) ကျပ် ၅၉၈၀ဝဝဈေးပေါက်ပြီး ဇီးကုန်း၊ နတ်တလင်း၊ကြို့ပင်ကောက် မြို့နယ်များမှာသာ စတင်ထွက်ရှိနေပြီးဈေးဖွင့်ထားခြင်းဖြစ်ပါတယ်။ဧည့်မထ(စပါးဟောင်း)များ မရှိတော့ဘဲ ဈေးနှုန်းမှာ ကျပ် ၄၉၀ဝဝဝ ဖြင့် ဈေးတန့်နေပါတယ်။  
ယခုနှစ် ကောက်စော (ဧည့်မထစပါးသစ်) ဆင်းသွယ်၊ မှော်ဘီစပါးမျိုးများကတော့ ကျပ် ၄၀ဝဝဝဝခန့်နှင့် ရတနာတိုး (အမာစပါးသစ်) ကျပ် ၃၅၅၀ဝဝ ဈေးပေါက်ပြီး   ရောင်းဝယ်လျက်ရှိပါတယ်။
ဆန်ဈေးနှုန်းမှာ ပြည်တောင်ပျံမွှေး  ဆန်တစ်အိတ်ဈေး(ဟောင်း)ကျပ် ၃၇၀ဝဝ၊ ဧည့်မထအုပ်စု ဆင်းသွယ်မှော်ဘီ၊ဆင်းလတ် ကျပ် ၂၀ဝဝဝ၊ (သစ်) ကျပ် ၁၈၅၀ဝ နှင့် ရတနာတိုး(အမာသစ်) ကျပ် ၁၆၅၀ဝ တို့ဖြင့် ရောင်းဝယ်လျက်ရှိပါတယ်။
တင်ပို့မှုအနေဖြင့် ပြည်၊ အောင်လံ၊ ပန်းတောင်းဒေသတွင်းသို့တစ်ရက်လျှင် အိတ် ၁၀ဝ နှင့် (နယ်) မန္တလေးသို့  တစ်ရက်လျှင်အိတ်  ၅၀ဝကျော် တင်ပို့နေရကြောင်းလည်း သိရပါတယ်။
တောင်ပျံမွှေးဆန်ဟောင်းကိုတော့  ရန်ကုန်မှ ဝယ်ကြောင်းသိရပြီး နှစ်ရက်သုံးရက်ခြား ကားကြီးတစ်စီးကို အိတ် ၇၀ဝ-၈၀ဝနီးပါး အရောင်းအဝယ်ဖြစ်ကြောင်းသိရပါတယ်။     နီနီဝင်း
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General