ပုသိမ်ဆန်စပါးဈေးကွက်တွင် ဧည့်မထကောက်စော စပါးသစ်များ အဝယ်လိုက်၍ စပါးဆန်ဈေးနှုန်း မြင့်တက်

ပုသိမ်ဆန်စပါးဈေးကွက်တွင် ဧည့်မထ (မိုး) မနောသုခ၊ မျိုးပွား၊ ဆင်းသုခ၊ ကောက်စောစပါးများ  ဈေးကွက်သို့စတင်ဝင်ရောက်ချိန် အောက်တိုဘာ ဒုတိယပတ်တွင် အစိဓာတ် မလွတ်သော စပါးဈေးနှုန်းမှာ  ပေါင်  ၅၀ တင်း ၁၀ဝကို ကျပ် ၃၅၀ဝဝဝ၊ ၃၈၀ဝဝဝ ဝန်း ကျင်ဈေးရှိပြီး အစိုဓာတ်၁၅ ရာခိုင်နှုန်း၊ ၁၆ရာခိုင်နှုန်း အစိုဓာတ်လွတ်  စပါးကြိတ်ခွဲထုတ်လုပ်၍ ဆန်သစ်ဈေးကွက်ဝင်ရောက်ချိန် စပါးဈေးနှုန်းမှာ ပေါင် ၅၀ တင်း ၁၀ဝ ကို ကျပ် ၄၀ဝဝဝဝ ဝန်းကျင်ခန့်နှင့်ဆန်သစ်တစ်အိတ်လျှင်   ကျပ် ၁၆၀ဝဝ ဈေးနှင့် အရောင်း
အဝယ်ဖြစ်ပြီး ယခုလက်ရှိစပါးသစ်ဈေးမှာ ပေါင် ၅၀ တင်း၁၀ဝ လျှင် ကျပ် ၄၅၀ဝဝဝ၊ ၄၆၀ဝဝဝ ဝန်းကျင် ဆန်သစ်
တစ်အိတ်ဈေးမှာ ကျပ် ၁၆၅၀ဝ၊ ၁၇၀ဝဝ ကျပ် ဈေးဖြင့်ဈေးနှုန်းအနည်းငယ် မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်
ရှိကြောင်း ဈေးကွက်မှသိရပါတယ်။စပါးသစ်အဝယ်သွက်လာသော်လည်း   ဆန်ဟောင်းများမှာ စပါး/ဆန်ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ   ယခင်ထက်အဝယ်လိုက်ကြောင်း၊ ဆန်စပါးဈေးကွက်အေးလျှင် လက်လီဈေးကွက်မှ စတင်အေးပြီး  အရောင်းအဝယ်ရှိလျှင် လက်လီ
ဈေးကွက်သာမကဒေသတွင်း ဟင်္သာတ၊ ရန်ကုန်၊ မန္တလေး၊ပြည်အထက်အညာဒေသများမှလည်း အရောင်းအဝယ်ဖြစ်
လျက်ရှိကြောင်း ၊ မိုးဧည့်မထ စပါးသစ်များမှာ နိုဝင်ဘာလကုန်၊ ဒီဇင်ဘာလဆန်းတွင် ဈေးကွက်သို့ အဝင်လှိုင်လာမည်
ဖြစ်ကြောင်း၊ ဆန်ဈေးကွက်နှင့်အတူ ကောက်ညှင်းပေါ်ချိန်ကောက်ညှင်းအသွယ်ဈေးမှာ တစ်တင်းခွဲ အဖွင့်ဈေးကျပ်
၂၅၀ဝဝနှင့် ဖွင့်ပြီး အပိတ်ဈေးမှာ ကျပ် ၄၅၀ဝဝ ဖြစ်သော်လည်း ယခုနှစ် ကောက်ညှင်းအသွယ်ရဲ့ အဖွင့်ဈေးမှာပင်
ယခင်နှစ်ထက်ဈေးပိုရ ပြီး ကောက်ညှင်းအသွယ် တစ်တင်းခွဲကိုကျပ် ၄၀ဝဝဝ ဖြင့် ဈေးဖွင့်ပြီး  ယခုလက်ရှိ ကောက်ညှင်း
အသွယ်ဈေးမှာ တစ်တင်းခွဲကို ကျပ် ၃၅၀ဝဝ ဈေးနဲ့ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဆန်စပါးကုန် သည်များထံမှ သိရ
ပါတယ်။
မင်းမင်းဦး (ပုသိမ်)

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General