တရုတ်နယ်စပ်မှ ပြောင်းဖူးစေ့ ပိုမိိုုတင်ပို့

မြန်မာ-တရုတ်နယ်စပ်ရှိ  မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီးစခန်းလေးခုမှ အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၄ ရက် သီတင်းပတ်အတွင်းအမေရိကန်ဒေါ်လာ၇ဒသမ၄သန်းတန်ဖိုးရှိပြောင်းဖူးစေ့၃၃၉၇၆တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။စခန်းအလိုက်တင်ပို့မှုမှာမူဆယ်မှ၂၉၄၆၇တန်ကျော်၊လွယ်ဂျယ်မှ၃၄၇၃တန်ကျော်၊ချင်းရွှေဟော်မှ၉၀၇တန်ကျော်နဲ့ကန်ပိုက်တီးမှ၁၂၇တန်ခွဲဖြစ်ပါတယ်။ယခင်သီတင်းပတ်ကအဆိုပါစခန်းလေးခုပေါင်းမှ၂၈၅၅၃
တန်ကျော်တင်ပို့ခဲ့လို့ယခုတစ်ပတ်မှာပြောင်းတန်ချိန်ငါးထောင်ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။မူဆယ်ကုန်စည်ဒိုင်မှာအောက်တိုဘာ၂၈ရက်မှာကျပ်၂၆၆၀ဝဝရှိရာမှနိုဝင်ဘာ၄ရက်မှာတော့ကျပ်၂၆၆၉၆၀သိုဈေးအနည်းငယ်မြင့်  တက်ခဲ့ကြောင်း၊သယ်ယူစရိတ်မှာ တစ်ပိဿာနိမ့်မြင့် ၄၉-၅၀ ကျပ် ရှိပြီးကားစီးရေ၁၀၇၅ စီးဝင်ရောက်ခဲ့ကြောင်း မူဆယ်ကုန်စည်ဒိုင်မှ သတင်းရရှိပါတယ်။      
မော်မော်အောင်
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General