ရှမ်းချင်းဈေးကွက် ချင်းနုတွေ အဝင်များ

ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာချင်းတက်တွေအသစ်ဝင်လာပါပြီ။ရှမ်းပြည်နယ်တောင်ပိုင်းမှာချင်းအဓိကစိုက်ပျိုးတဲ့ကလော၊အောင်ပန်း၊ဟဲဟိုး မြို့နယ်တွေကစပြီး ဝင်လာတာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ အဝင်နည်းနေပါသေးတယ်။ အခုဝင်လာတဲ့ ချင်းတွေကလည်း ချင်းနုတွေသာ ဖြစ်ပါ တယ်။ မိုးကမပြတ်သေးတာကြောင့် ပုပ်ကုန်မှာစိုးတဲ့အတွက် ခြံရှင်တွေက ဖော်ကြလို့ ချင်းနုတွေက ဈေးကွက်ကို စောစောဝင်လာတာလို့ သိရပါတယ်။ ချင်း(ဥမ) တွေကိုတော့ တစ်ပိဿာ ကျပ် ၃၀ဝ ဈေးနဲ့ပဲ အပြီးသတ်  ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။ ဥမက ကြာကြာထားရင် ခြောက်လာပြီး အလေးချိန် လျော့တာရယ်၊ပုပ်လာတတ်တာကြောင့် ရတဲ့ဈေးနဲ့ ရောင်းကြရတာ
ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီဇင်ဘာလမှ အဝင်လှိုင်လာမှာ ဖြစ်တယ်လို့လည်း ဈေးကွက်မှ သိရပါတယ်။ အခုဈေးကွက်ကို စပြီးဝင်လာတဲ့ ချင်းတက်တွေကိုတော့ ရန်ကုန်နဲ့ မုံရွာဝယ်လက်တွေက ဝယ်ယူနေပါတယ်။ရန်ကုန်ဝယ်လက်တွေက သီရိမင်္ဂလာဈေးမှတစ်ဆင့် ဧရာဝတီတိုင်းနဲ့ မွန်ပြည် နယ်ကို ဖြန့်တယ်လို့လည်း သိရပါတယ်။ မိုးကလည်း မပြတ်သေးဘဲ ပုပ်ကုန်မှာစိုးတာကြောင့် များများမတူးကြသေးဘဲ ဒီဇင်ဘာမှသာထပ်ပြီးဖော်ကြတော့မှာဖြစ်ပါတယ်။ ဒီတစ်ပတ် ချင်းဈေးက ချင်းတက်သစ် တစ်ပိဿာကို ကျပ် ၄၀ဝ မှ ၄၅၀ ၊ ၅၀ဝ ဈေးပေါက်နေပါတယ်။ချင်းခြောက်ကတော့မနှစ်ကတည်းက ကျန်တဲ့ပစ္စည်း လက်ကျန်တွေကိုသအရောင်းအဝယ် လုပ်နေတယ်လို့လည်းသိရပါတယ်။တစ်ပိဿာကို ကျပ် ၁၇၀ဝ မှ ၁၈၀ဝ ဈေး ရှိတယ်လို့လည်း အောင်ပန်း ဈေးကွက်မှ သိရှိရပါတယ်။
    ဧခိုင် (တောင်ကြီး)

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General