နိုဝင်ဘာဒုတိယပတ်အတွင်း ပြည်ပဲမျိုးစုံဈေးကွက်မှာ မတ်ပဲနှင့်ပဲစင်းငုံဈေးကျပြီး ကုလားပဲဈေး အမြင့်ဆုံးဖြစ်ခဲ့

ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံ ဈေးကွက်အတွင်းအောက်တိုဘာဒုတိယပတ်မှာ  ပဲဈေးများအနေဖြင့် ပြည်ပဝယ်လက်ပဲထဲမှာ မတ်ပဲ၊ ပဲစင်းငုံဈေး လျော့နေပြီးပဲတီစိမ်းသီးနှံဈေးပိုလာသလို ပြည်တွင်းဝယ်လက်ပဲထဲမှာပဲကြီး၊ပဲပုပ်သီးနှံများ ဈေးငြိမ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တာကို တွေ့ရပါတယ်။အရောင်းအဝယ်ဖြစ်မှု ပမာဏအနေဖြင့် ကုလားပဲ၊ ပဲကြီးသီးနှံများပုံမှန်ရောင်းဝယ်မှုရှိခဲ့ကြပြီးမတ်ပဲနှင့်ပဲစင်းငုံသီးနှံမှာနေ့စဉ်အရောင်း
အဝယ်ပုံမှန်မဖြစ်ခဲ့ဘဲ  ရက်ခြားသာ အရောင်းအဝယ် ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။မတ်ပဲသီးနှံမှာဈေးကွက်သို့ပဲဝင်ရောက်မှုနည်းသွားပြီဖြစ်သလို ပေါင်းတလည်၊ပေါက်ခေါင်းဘက်မှ အိတ်အနည်းငယ်  မျိုးပဲဝယ်ယူမှုများလည်းရှိခဲ့လို့ လက်ကျန် ပဲရောင်းချမှုရှိ ခဲ့ပါတယ်။ ယခုရက်ပိုင်းမှာ မျိုးပဲဝယ်ယူမှုများရှိလာသော်လည်း လက်ကားဝယ်ယူမှုရက်ခြားသာ အရောင်းအဝယ်ဖြစ် ခဲ့ပါတယ်။ပဲဈေးမှာ  တစ်တင်း ကျပ် ၄၁၅၀ဝ သို့   လျော့နည်းကျဆင်းခဲ့ပြီးယခင်တစ်ပတ်ထက် တစ်တင်း ကျပ်နှစ် ထောင်ကျော်လျော့သွားခဲ့ပါတယ်။ မျိုးပဲဈေးကတော့ တစ်တင်း ကျပ်၄၅၀ဝဝ ရရှိပြီး အိတ်အနည်းငယ်ရောင်းဝယ် ခဲ့ကာရန်ကုန်ဝယ်လက်ရက်ခြားအရောင်းအဝယ်ဖြစ်သည့်ပမာဏ အိတ် ၁၅၀ ကျော် ၂၀ဝ ခန့်ရှိခဲ့တယ်လို့ သိရပါတယ်။ပဲစင်းငုံသီးနှံမှာလည်း ပဲလက်ကျန် အနည်းငယ်သာရှိလို့ ရန်ကုန်ဝယ်လက်မှ ရက်ခြားဝယ်ယူမှုအပေါ် အိတ် ၁၀ဝ ကျော် ၁၅၀ တိုဘာဒုတိယပတ်အတွင်း   မတ်ပဲရော ပဲစင်းငုံသီးနှံနှစ်မျိုးစလုံး အသီးသီးဈေး ကျဆင်းခဲ့ကြပါတယ်။ ယခင်နှစ်ကနိုဝင်ဘာဒုတိယပတ်အတွင်းက ပဲစင်းငုံသီးနှံမှာ ပဲလက်ကျန်မရှိတော့လို့ ဈေးကွက်အတွင်းအရောင်းအဝယ်မဖြစ်ဘဲမတ်ပဲ
သီးနှံသာ ဈေးအမြင့်ဆုံးနဲ့  အရောင်း အဝယ်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ကုလားပဲသီးနှံမှာလက်ကျန်ပဲများရှိလို့ ပဲခွဲစက်သမားဝယ်လိုအား ရှိသလောက်ရောင်းချခဲ့တယ်လို့သိရပါတယ်။ အဝယ်လိုက်သည့်ရက်တွင်အိတ်၂၀ဝကျော ၃၀ဝ အရောင်း အဝယ်ဖြစ်ခဲ့ပြီး ပဲဈေးနှုန်းမှာ တစ်တင်းကျပ် ၄၆၀ဝဝ နဲ့ဈေးငြိမ်နေခဲ့ပါတယ်။ပန်းတောင်း၊ကံမဖက်မှ မျိုးပဲများဆက်လက်ဝယ်ယူနေကြတဲ့အတွက်မျိုးပဲလည်း နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။မျိုးပဲဈေးမှာတစ်တင်းကျပ်၄၇၀ဝဝရရှိနေတဲ့အတွက်ယခုတစ်ပတ်မှာမတ်ပဲမျိုးဈေးထက်ပင်ဈေးကောင်းရနေခဲ့တာကိုတွေ့ရပါတယ်။ပဲကြီးသီးနှံမှာ ပဲအဝင်မရှိဘဲလက်ကျန်ပဲများရှိခဲ့တာကြောင့် ပဲကြော်ဖိုသမားများနေ့စဉ်ဝယ်ယူလျက်ရှိကာ တစ်ရက် အိတ် ၂၀ဝ မှ ၂၅၀ ကျော် ရောင်းချခဲ့ကြရတာကို တွေ့ရပါတယ်။ပဲဈေးငြိမ်နေတဲ့အတွက် (ရွှေကျွန်း) တစ်တင်းကျပ်၂၆၀ဝဝ၊ (ကမ်းနား)တစ်တင်းကျပ် ၂၃၀ဝဝ ဖြင့်လဆန်းရက်က အတိုင်းဆက်လက် ဈေးငြိမ်လျက်ရှိခဲ့ ပါတယ်။   ယခင်နှစ်က နိုဝင်ဘာလအတွင်း ပဲကြီးသီးနှံမှာ ကျပ်သုံးသောင်း ကျော်အသီးသီး  ရရှိခဲ့တဲ့အတွက် ယခုနစ်မှာတော့တစ်နှစ်လုံးလိုလိုဈေးအေးခဲ့လို့ ယခင်နှစ်ဈေးကိုမမီခဲ့ကြောင်း
သိရပါတယ်။ ပဲပုပ်သီးနှံသည်လည်း လက်ကျန်ပဲအချို့လက်လီအရောင်းအဝယ်ဖြစ်ပြီး ဈေးနှုန်းမှာ တစ်တင်း ကျပ် ၂၂၀ဝဝ ဖြင့်သာ ရောင်းချမှုဖြစ်ခဲ့ တယ်လို့ သိရပါတယ်။           ခင်ဆွေဝင်း
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General