ဖျာပုံမြို့နယ်မှ အသင့်စားငါးနှပ်ခြောက်ကင် လုပ်ငန်းများ ပွင့်လင်းရာသီအချိန်တွင် မှာယူသူများ၍ ပိုမိုအရောင်းသွက်နေ

ဖျာပုံမြို့မှာဆန်စပါးလုပ်ငန်းနဲ့ရေထွက်ကုန်လုပ်ငန်းများကိုအဓိကစီးပွားရေးလုပ်ငန်းအဖြစ် အသက်မွေးရပ်တည်ကြပြီး ရေထွက်ကုန်ပစ္စည်းများ အနက်တန် ဖိုးမြှင့် ထုတ်ကုန်(Value Added)ထုတ်လုပ်တဲ့အသင့်စားငါး နှပ်ခြောက်ကင် လုပ်ငန်းဟာအခုလိုပွင့် လင်းရာသီချိန်တွင်မှာယူသူများပြားလာသဖြင့်လုပ်ငန်း လုပ် ကိုင် သူများကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လာခဲ့ကြရ ကြောင်း သိရပါတယ်။ ဖျာပုံမြို့တွင် အသင့်စား ငါးနှပ် ခြောက်ကင်လုပ်ငန်း လုပ်ကိုင်သူ ခုနစ် ဦးရှိရာ အဆိုပါ လုပ်ငန်းခွင်များသို့စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းထိုက်၊ ဒုတိယ မြို့နယ်ဦးစီးမှူး ဦးမင်းဇော်နဲ့ ဝန်ထမ်းများ ဟာ အောက်တို ဘာ ၂၆ရက် က ကွင်းဆင်း လေ့လာ အကြံပြုခဲ့ကြကြောင်း သိရပါတယ်။ငါးနှပ်ခြောက်ကုန်ကြမ်းကို ဖျာပုံ ကလည်း မှာယူရရှိသလို ဘုရင့်နောင် ပွဲရုံကလည်း လိုအပ်တဲ့အခါ မှာယူရရှိပါတယ်။ တစ်ပိဿာကို ရှစ်ထောင်ကျပ် ဈေးရှိပြီး၊ တစ်လကို ပိဿာချိန် ၁၅၀-၂၀ဝ လောက် ဝယ်ယူရပါတယ်။ ငါးနှပ် ခြောက်ကင် မှာယူတဲ့ မြို့တွေကတော့ ဖျာပုံ၊ဘိုကလေး၊ ပုသိမ်၊ ပြည်နဲ့ ရန်ကုန်မြို့တွေကမှာယူကြပါတယ်။ ထုတ်လုပ်တဲ့အခါ အရွယ်အစား အမျိုး မျိုးရှိပါတယ်။ တစ်ဆယ့်ငါးကျပ် သား ပါ အထုပေ် သး ကျပ် ၄၀ဝ၊သုံးဆယ်ကျပ် သားပါ အထုပ်ကြီး ကျပ် ၈၀ဝ၊ လေးဆယ်ကျပ်သားပါဘူးအသေး ကျပ် ၁၃၀ဝ၊ ရှစ်ဆယ့်ငါးကျပ်သားပါဘူး အကြီး ကျပ် ၂၇၀ဝ ဆိုပြီး ဖောက်သည် ပေးရပါတယ်။ လုပ်ငန်းမှာ လုပ်ကိုင်နေ တဲ့ လုပ်သားက ငါးဦးရှိပြီး ငါးနှပ် ခြောက်ကင် တစ်ပိဿာလုပ်ပြီး တိုင်း တစ်ဦးကို တစ်ထောင် ကျပ်ပေးရပါ တယ်။ သူ့ဖောက်သည်နဲ့ သူကတော့ ဈေးကွက်ရှိပါတယ်။ ဒါပေမယ့် အဏ္ဏ ဝါဇော် အသင့်စား ငါးနှပ်ခြောက်ကင် ကိုတော့ ဈေးကွက်မှာမီအောင် မယှဉ် နိုင်သေးကြောင်း သိရပါတယ်။စားသုံးသူရေးရာ ဦးစီးဌာနက အကြံပြုတဲ့အတိုင်း ငါးခြောက်ကင်ဖိုကို အဆင့် ဆင့်ပြ န်ပြင်ပြီး ထုတ်လုပ်ရာ မှာအတော် အဆင်ပြေပါတယ်လို့ သစ်ထူးအောင် အသင့်စား ငါးနှပ်ခြောက်ကင်လုပ်ငန်းရှင်ဒေါ်ခိုင်ခိုင်အေးက ပြောပါတယ်။ နောက်ထပ် လိုအပ်သည့် နည်းပညာ အဆငြ့် မင့်ထုတ်လုပ်နိုင်ရေး အတွက် စက်ကိရိယာ သုံးစွဲနည်းများနဲ့အခြားလိုအပ်ချက်များအား စားသုံး သူ ရေးရာ ဦးစီးဌာနမှ ဖြည့်ဆည်း အကြံ ပြုခဲ့ကြောင်း သိရပါ တယ်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General