အွန်လိုင်းကုန်ပစ္စည်းရှင်းလင်းရေးစနစ်နိုဝင်ဘာ ၁၂ ရက်တွင် စတင်မည်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအကောက်ခွန်ဦးစီးဌာနအနေဖြင့် ပို့ကုန်၊သွင်းကုန်လုပ်ငန်းများလုပ်ကိုင်ရာတွင်လွယ်ကူလျင်မြန်ချောမွေ့ စွာဆောင်ရွက် နိုငေ် ရး အတွက်လက်ရှိဆောင်ရွက် နေသောစနစ်မှ အွန်လိုင်းစနစ်ဖြင့်ဆောင်ရွက် မည့် အလို အလျောက် ကုန်ပစ္စည်းရှင်းလင်းရေးစနစ် (Myanmar Automa ticCargo Clearance System-MACCS)ကို နိုဝင်ဘာလလယ်မှစပြီးစတင်ကျင့်သုံးပြီဖြစ်ကြောင်းအကောက်ခွန်ဦးစီးဌာနမှတာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။'MACCS စနစ်ကို ကြိုတင်ကြေညာထားတဲ့အတိုင်း နိုဝင်ဘာ ၁၂ ရက်က စပြီး အမှန်တကယ်စတင်ကျင့်သုံးတော့မှာ ဖြစ်ပါတယ်။ ဒီစနစ် ကို စတင်ကျင့်သုံး ရာမှာ Customs Broker တွေအနေနဲ့ စနစ်တစ်ခုနဲ့တစ်ခု အကူးအပြောင်းမှာ တွေ့ကြုံလာ ရနိုင်တဲ့ အခက်အခဲတွေကို နည်းနိုင်သမျှ အနည်းဆုံးဖြစ်စေဖို့အတွက် လိုအပ်ချက် တွေကို အသိပေးလိုတဲ့အတွက် အခုလိုရှင်းလင်းတင်ပြရတာ ဖြစ်ပါ တယ်'ဟု အကောက်ခွန်ဦးစီးဌာန၊ MACCS ဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းသန့်ကUMFCCI၌ကျင်းပသော ရှင်းလင်းပွဲ အခမ်းအနားတွင် ပြောကြားသည်။အဆိုပါ MACCSစနစ်သည် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းများ ဆောင်ရွက်ရာ၌ လူကိုယ်တိုင်အကောက်ခွန်ရုံးများသို့ သွားရောက်စရာမလိုဘဲ အွန်လိုင်းမှတစ်ဆင့် အချိန်တို အတွင်း ဆောင်ရွက်နိုင် မည့်စနစြ် ဖစေ် ကြာင်း၊ ယင်းစနစ်သည် ဂျပန်နိုင်ငံ၌ အောင်မြင်ခဲ့သည့်အကောက်ခွန်ရှင်းလင်းရေးစနစ်ဖြစ်ကြောင်း၊ ဂျပန်အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးေ အဂျင် စီ(ဂျိုက်ကာ)၏အကူအညီဖြင့်ယင်းစနစ်ကို မြန်မာနိုင်ငံတွင်စတင်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းစနစ် ကိုစတင်ဆော င် ရွက်ရန်စမ်းသပ်ကာလ(Running Test)ကို အောက်တိုဘာ ၃၁ ရက်တွင် ပြီးဆုံးမည်ဖြစ်၍ Customs Broker များအနေဖြင့် ယင်းနေ့ ည ၁၂ နာရီတွင် စမ်းသပ်လေ့ကျင့်မှုများရပ်တန့်ပေးကြရမည်ဖြစ်ကြောင်း၊ ယင်းနောက် နိုဝင်ဘာ ၇ရက် နံနက် ၉ နာရီမှစ၍ နိုဝင်ဘာ ၁၁ ရက်ညနေ ၅ နာရီအထိ Manualမှ Systemသို့ကူးပြောင်းကာလ(Transition Period )အဖြစ် သတ်မှတ်ကာRegistrationလုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။အဆိုပါ စနစ် ကို လောလောဆယ် ရန်ကုန်မြို့ဆိပ်ကမ်းများနှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် အခြားသော နယ် စပ်ဂိတ်တို့တွင်လည်း ဆောင်ရွက်သွားရန် ကြိုးပမ်းသွားမည်ဖြစ် ကြောင်းလည်း သိရသည်။ ယင်းစနစ်သည် ရုံးပိတ်ရက်မရှိ ၂၄ နာရီပတ်လုံး ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ အွန်လိုင်းမှတစ်ဆင့် ငွေပေးချေမှုစနစ်များအပါအဝင် သွင်းကုန်၊ ပို့ကုန်လုပ်ငန်းများကို လွယ်ကူချောမွေ့ စွာ ဆောင်ရွက်နိုင်မည်ဖြစ်၍ ကုန်စည်စီးဆင်းမှုအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General