၂၀၁၇ခုနှစ်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေသစ်ကို ပြဋ္ဌာန်းမည်

၂၀၁၇ခုနှစ်တွင်မြန်မာနိုင်ငံ၏စီးပွားရေးအတွက်အရေးပါသည့်မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေကိုထုတ်ပြန်မည်ဖြစ်ကြောင်းရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာနမှသိရသည်။အဆိုပါနည်းဥပဒေပထမမူကြမ်းကိုယခုနှစ်နိုဝင်ဘာလကုန်ပိုင်း၌အပြီးသတ်ရေးဆွဲမည်ဖြစ်ပြီးဒုတိယမူကြမ်းကို ဒီဇင်ဘာလအတွင်း အပြီးသတ်ရေးဆွဲ မည်ဖြစ်ကြောင်း သိရသည်။]]နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေများများ ဝင်ရောက်လာဖို့ နည်းဥပဒေကို အမြန် ဆုံးပြဋ္ဌာန်းဖို့လိုအပ်နေတယ်။နည်းဥပဒေထွက်ပေါ်လာမှသာနိုင်ငံခြားကမြန်မာနိုင်ငံကိုစောင့်ကြည့်နေတဲ့လုပ်ငန်းရှင်တွေရောက်လာမှာဖြစ်ပါတယ်။
ဒါကြောင့်နည်းဥပဒေကိုလာမယ့်နှစ်စမှာထုတ်ပြန်နိုင်အောင်လုပ်ဆောင်နေပါတယ်}}ဟုရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးစန်းမြင့်ကပြောကြားခဲ့သည်။ယခုထွက်ရှိခဲ့သည့် ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်သည် ယခင်ဥပဒေထက်  အားသာချက်များစွာ ရှိနေပြီး ကုန်ထုတ် လုပ်ငန်းများကို အားပေးသည့်သဘော သို့ သက်ရောက်နေသောကြောင့်ရင်းနှီး  မြှုပ်နှံလိုသူများ
 ပိုမိုဝင်ရောက်လာနိုင်ကြောင်း၊ ထို့အပြင် အချို့သောရင်းနှီး မြှုပ်နှံမှုများကို တိုင်းဒေသကြီးနှင့်ပြည် နယ်များသို့ လုပ်ပိုင်ခွင့်များ ချထားပေး မည်ဖြစ်ပြီး ယင်းကဲ့သို့ လုပ်ပိုင်ခွင့်များ ချထားပေးနိုင်ရန်အတွက် နည်းဥပဒေကို အမြန်ဆုံးထုတ်ပြန်နိုင်ရန် လုပ်ဆောင်နေ ရခြင်းဖြစ်ကြောင်း၊ နည်းဥပဒေတွင် ယင်းကဲ့သို့သောလုပ်ဆောင်  ချက်များနှင့် ပတ်သက်၍ အသေးစိတ်ဖော်ပြထားကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General